မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ


 မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး  Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ 


ရန်ကုန်၊ ဒီဇင်ဘာ 


စစ်ကိုင်းတိုင်း၊မုံရွာမြို့ တွင် ကျောက်ဆစ်ပုံအမြောက်တပ်မှ  ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီးလည်းဖြစ်၊ မုံရွာ မြို့နယ်စီမံခန့်ခွဲရေးရုံး Non-CDMဝန်ထမ်းလည်းဖြစ်သူ ဒေါ်အိဖြိုးစု ဖြစ်သူသည် ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင်ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။ 


မုံရွာမြို့နယ်စီမံခန့်ခွဲရေးရုံး Non-CDM ဝန်ထမ်းလည်းဖြစ်၊ ဗိုလ်ကတော်တစ်ဦးလည်းဖြစ်သူ ဒေါ်အိဖြိုးစုသည်  ယမန်နေ့ဒီဇင်ဘာ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန် မုံရွာမြို့နယ်၊ချမ်းမြဝတီရပ်ကွက်၊ရေကူးကန်လမ်းနဲ့၁၉လမ်းထောင့်အနီးတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"မနေ့ကမနက် ၉နာရီလောက်မှာ ရေကူးကန်၁၉လမ်းအနီးမှာ အမည်မသိလူတစ်စုက ပစ်သ တ်သွားတာ၊သေနတ်၇ချက်ဖြင့် တခါတည်းပွဲချင်းပြီးသေဆုံးသွားတာ" ဟု ဒေသခံတစ်ဦးက RNA သို့ ပြောဆိုသည်။ 


အလားတူ မကွေးတိုင်း၊ပခုက္ကူမြို့နယ်မှ စစ်ကောင်စီခန့် မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး တင်လှိုင်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အပစ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

Comments

Popular posts from this blog

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

Click To Donate

မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ