Posts
Showing posts from December, 2021
တရားရုံးက ပေးပို့လာသော အကြောင်း ကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်း၀ရမ်းနှင့်ဆင့်ခေါ်စာ လက်မခံရန် မင်းအောင်လှိုင် လျှို့ဝှက်ညွှန်ကြား
Image
 Breaking News- ICC တရားရုံးနှင့် အာဂျင်တီးနားတရားရုံးက  ပေးပို့လာသော အကြောင်း ကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်း၀ရမ်းနှင့်ဆင့်ခေါ်စာ လက်မခံရန်  မင်းအောင်လှိုင် လျှို့ဝှက်ညွှန်ကြား ရန်ကုန်၊ ဒီဇင်ဘာ ၂၉  မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များထံသို့  နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ၊ အာဂျင်တီးနား တရားရုံး အပါအဝင်  နိုင်ငံတကာအဖွဲ့အစည်းများက ပေးပို့လာသော အကြောင်းကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်း၀ရမ်းနှင့်ဆင့်ခေါ်စာများကို လုံး၀ လက်ခံခြင်း မပြုရန် မင်းအောင်လှိုင်က ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။  စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်ကို နေပြည်တော်တရားလွှတ်တော်ချုပ်ထံသို့ ပေးပို့ထားပြီး တရားသူကြီးချုပ် ထွန်းထွန်းဦးကလည်း ၎င်း၏ တရားလွှတ်တော် ဝန်ထမ်းများကို ပြည်ပမှ ဝင်လာမည့် မည်သည့်စာကိုမှ လက်မခံရန် တစ်ဆင့်ထပ်မံ လျှို့ဝှက် ညွှန်ကြားကြောင်း သိရှိရသည်။  တရားလွှတ်တော် ဝန်ထမ်းများအနေဖြင့် ပြည်ပမှ ဝင်ရောက်လေ့ရှိသည့် DHL အပါအဝင် အမြန်ချောပို့နှင့်အခြားနည်းလမ်းများဖြင့် ပေးပို့လာသည့်စာများကို လက်ခံခြင်းမပြုရန် ညွှန်ကြားထားကြောင်း သိရှိရသည်။ လတ်တလော မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် လူမျိ
မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ
Image
 မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး  Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ  ရန်ကုန်၊ ဒီဇင်ဘာ  စစ်ကိုင်းတိုင်း၊မုံရွာမြို့ တွင် ကျောက်ဆစ်ပုံအမြောက်တပ်မှ  ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီးလည်းဖြစ်၊ မုံရွာ မြို့နယ်စီမံခန့်ခွဲရေးရုံး Non-CDMဝန်ထမ်းလည်းဖြစ်သူ ဒေါ်အိဖြိုးစု ဖြစ်သူသည် ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင်ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။  မုံရွာမြို့နယ်စီမံခန့်ခွဲရေးရုံး Non-CDM ဝန်ထမ်းလည်းဖြစ်၊ ဗိုလ်ကတော်တစ်ဦးလည်းဖြစ်သူ ဒေါ်အိဖြိုးစုသည်  ယမန်နေ့ဒီဇင်ဘာ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန် မုံရွာမြို့နယ်၊ချမ်းမြဝတီရပ်ကွက်၊ရေကူးကန်လမ်းနဲ့၁၉လမ်းထောင့်အနီးတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။  "မနေ့ကမနက် ၉နာရီလောက်မှာ ရေကူးကန်၁၉လမ်းအနီးမှာ အမည်မသိလူတစ်စုက ပစ်သ တ်သွားတာ၊သေနတ်၇ချက်ဖြင့် တခါတည်းပွဲချင်းပြီးသေဆုံးသွားတာ" ဟု ဒေသခံတစ်ဦးက RNA သို့ ပြောဆိုသည်။  အလားတူ မကွေးတိုင်း၊ပခုက္ကူမြို့နယ်မှ စစ်ကောင်စီခန့် မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး တင်လှိုင်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့ န
ရန်ကုန်အင်းစိန် ရွာမရဲစခန်းကို ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်၊ မြို့လယ်ခေါင် ပန်းဆိုးတန်းအခွန်ရုံးရှေ့တွင် ဗုံးပေါက်
Image
 ရန်ကုန်အင်းစိန် ရွာမရဲစခန်းကို ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်၊ မြို့လယ်ခေါင် ပန်းဆိုးတန်းအခွန်ရုံးရှေ့တွင် ဗုံးပေါက် ရန်ကုန်၊ ဒီဇင်ဘာ ၂၉  ရန်ကုန်အင်းစိန်မြို့နယ် ရွာမရဲစခန်းကို ယနေ့ နံနက်ပိုင်း ၅ နာရီ ၄၅ မိနစ်အချိန်တွင် Yangpn Federal Army နှင့် CGF-HTY တို့ ပူးပေါင်းကာ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။  ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ ပျံလွှားအောင် စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်ရှိ ရွာမရဲစခန်းကို Yangpn Federal Army နှင့် CGF-HTY တို့ ပူးပေါင်းကာ ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။  "အထိအခိုက် အသေအဆုံးသတင်းတော့ မသိရသေးဘူး" ဟု ဒေသကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။  အလားတူ ရန်ကုန်မြို့လယ်ခေါင် ပန်းဆိုးတန်းလမ်းရှိ အလယ်အလတ် အခွန် ထမ်းများရုံး (၁) ပန်းဆိုးတန်းကအခွန်ရုံးရှေ့တွင် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။  ဓာတ်ပုံ- ဗုံးပေါက်ကွဲသော ရန်ကုန်မြို့လယ်ခေါင် ပန်းဆိုးတန်းအခွန်ရုံး။ (ပုံအဟောင်းဖြစ်သည်) Photo - MKLရန်ကုန်အင်းစိန် ရွာ
လွိုင်ကော်အကျဉ်းထောင်အနီးရှိ ခရိုင်ရဲရုံးကို ကရင်နီ ၃ ဖွဲ့ ဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူများ
Image
  Unicode လွိုင်ကော်အကျဉ်းထောင်အနီးရှိ ခရိုင်ရဲရုံးကို ကရင်နီ ၃ ဖွဲ့ ဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ကယား (ကရင်နီပြည်) လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ အကျဉ်းထောင်အနီးရှိ ခရိုင်ရဲရုံးကို ဒီဇင်ဘာလ ၂၉ ရက် ယနေ့ နံနက် ၃ မှ စတင်ကာ JPDF-Rangers၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF၊ GZ-21 ညီနောင် ၃ ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း JPDF က သတင်းထုတ်ပြန်သည်။ "ဝင်တိုက်တာက ကျနော်တို့ ညီနောင် ၃ ဖွဲ့က ဝင်တိုက်တာ၊ အပြန်အလှန်ပစ်တာကတော့ ၁၀ မိနစ်လောက်ပဲ ကြာတယ်၊ သူတို့ဘက်က ထိခိုက်ဒဏ်ရာရတဲ့သူများမယ်။ စစ်သား ၂ ယောက်သေတယ်ဆိုတာ ကျနော်တို့ အတည်ပြုလို့ရတယ်။ ကျနော်တို့ ဘက်က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်တယ်" ဟု JPDF ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ ဓါတ်ပုံ - JPDF-Rangers၊ KDF၊ GZ-21 တပ်ဖွဲ့ဝင်များ Zawgyi လွိုင်ကော်အကျဉ်းထောင်အနီးရှိ ခရိုင်ရဲရုံးကို ကရင်နီ ၃ ဖွဲ့ ဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ကယား (ကရင်နီပြည်) လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ အက
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်
Image
Unicode  အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန် ရန်ကုန်၊ ဒီဇင်ဘာ ၂၄  ရန်ကုန်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို  ကာဒီနယ်ချားစ်ဘိုက လက်ခံတွေ့ဆုံမှုကို Independent Catholics For Justice in Myanmar (ICJM ) က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီး ဝမ်းနည်း စိတ်ပျက်ရကြောင်း ကြေညာချက် ထုတ်ပြန်သည်။  ဒီဇင်ဘာလ ၂၃ ရက်နေ့  ကာဒီနယ်ချားစ်ဘိုနှင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့တွေ့ဆုံခြင်းအပေါ်ကက်သလစ်ဘာသာဝင်များအနေ ဖြင့် အင်မတန်ထိတ်လန့်တုန်လှုပ် ဝမ်းနည်းစိတ်ပျက် ရကြောင်း၊  အဆိုပါတွေ့ဆုံမှုသည် မြန်မာပြည် ကက်သလစ် ဘာသာဝင်များအားလုံးနီးပါး၏ ဆန္ဒနှင့် ဆန့်ကျင်သည့်အတွက်ကြောင့် ဘာသာဝင်များကို ကိုယ်စားမပြုကြောင်း ကြေညာချက်တွင် ဖော်ပြသည်။ အကြမ်းဖက်စစ်ကောင်စီကို မည်သို့သော အကြောင်းပြချက်များအားဖြင့်ဖြစ်စေ အသိ အမှတ်ပြုနေသော ကာဒီနယ်ချားစ်ဘို နှင့်တကွ မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းကိုမဆို ICJM  အနေဖြင့် ပြင်းထန်စွာ
မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ
Image
 Unicode မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊  ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ ရန်ကုန်၊ ဒီဇင်ဘာ ၂၄  တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၊ပြင်းဖြူကြီးကျေး ရွာအုပ်စု၊ပိတိုင်ရွာအနီး မြိတ်-ထားဝယ် လမ်းမပေါ်တွင်  ခရီးသည်များလိုက်ပါလာသောယာဥ်တန်းကို ယနေ့နံနက် ၄ နာရီတွင် စစ်ကောင်စီတပ်များက ပစ်ခတ်တိုက်ခိုက်ရာ ကုန်တင်ကားဆရာတစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောဆိုသည်။  ဒီဇင်ဘာ(၂၄)ရက်၊နံနက်(၄)နာရီခန့် မြိတ်ဖက်မှ ထားဝယ်ဖက်သို့ ဦးတည်လာသော ခရီးသည်ယာဥ်တန်းတိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးကဆိုသည်။ "ခရီးသည်ယာဥ်တန်းရှေ့မှာ တခုခုပေါက်ကွဲပြီး စစ်တပ်က  သေနတ်ကျည် ဆယ်ချက်ခန့် ကားတွေကို ဆက် တိုက်ပစ်တယ်။ ခရီးသည်တင်ကားတွေဖြစ်တဲ့ ရတနာတိုး၊ မန္တလာမင်းနဲ့ တွဲကားအပစ်ခံရတယ်။  တွဲကားဆရာပွဲချင်းပြီး ဆုံးတယ်။ မန္တလာမင်းကားဆရာ ထိတယ် စိုးရိမ်ရတယ်။ ရတနာတိုးက ခရီးသည် ၂ယောက်ထိတယ်" ဟု‌ ဒေသခံတစ်ဦးက ပြောသည်။  "စစ်တပ်က ပစ်ပြီး PDF က ပစ်သလို ပုံစံမျိုး အကွက်ဆင်ပစ်တာဗျ။ PDF က ခရီးသည်တင်ကား ပစ်စရာလည်း အကြောင်းမရှိဘူး" ဟု PDF သတင
စစ်ကောင်စီမှလေယာဉ်ဖြင့်ပစ်ခတ်‌ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု ကြီးမားစွာမရှိဟုဆို
Image
မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်း ပစ်ခတ်ခံရ
Image
 မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်း ပစ်ခတ်ခံရ   ရန်ကုန်၊ ဒီဇင်ဘာ ၂၂  စစ်ကိုင်းတိုင်းမြို့တော်မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းကို ယနေ့ညနေ ၃ နာရီဝန်းကျင်တွင်  လက်နက်ဖြင့် ပစ်ခတ်ခံရကြောင်းကနဦးသိရှိရသည်။  အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းတွင် ယမ်းငွေ့များ ထနေပြီး လက်နက်ကြီးကျည်ပါ ကျရောက်ကြောင်း ဒေသခံတချို့က ဆိုသည်။  ပစ်ခတ်မှုကြောင့် အထိအခိုက်အကျအဆုံးအခြေအနေ သတင်းကိုမူ မရရှိသေးပေ။  လက်ရှိတွင် စစ်တပ်က ပိတ်ဆို့ပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။ ဓာတ်ပုံ- အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် နမခတိုင်း တံဆိပ်။ (RNA သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)
ယင်းမာပင်တွင် စစ်ကောင်စီတပ်များနှင့် PDF ပူးပေါင်းတပ်များ အပြင်းအထန် တိုက်ပွဲဖြစ်ပွား၊ ပြည်သူထောင်ချီ ထွက်ပြေးနေရ
Image
 ယင်းမာပင်တွင် စစ်ကောင်စီတပ်များနှင့် PDF ပူးပေါင်းတပ်များ  အပြင်းအထန် တိုက်ပွဲဖြစ်ပွား၊ ပြည်သူထောင်ချီ ထွက်ပြေးနေရ  ရန်ကုန် ဒီဇင်ဘာ ၂၂ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် နုံးကြီးကျေးရွာနဲ့မြို့ကြီးကျေးရွာကြားမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီနဲ့ ယင်းမာပင်ခရိုင်ပူးပေါင်း(PDF)တပ်ဖွဲ့တို့အကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။  အကြမ်းဖက်စစ်ကောင်စီက မြေပြင်ကို သာလွန်အင်အားနဲ့ ခြေလျှင်ထိုးစစ်ဆင်လာတဲဲ့အတွက် နှစ်ဖက်ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့ကြတာပါ။ အဲဒီတိုက်ပွဲကြောင့် ယင်းမာပင်ခရိုင်ပူးပေါင်း(PDF)တပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်ကျဆုံးမှုမရှိခဲ့သလို ဒီကနေ့ အစောပိုင်းကနေ နေ့လည် ၁၂ နာရီအထိ  တိုက်ပွဲဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေ၊ RPG တွေ၊စက်သေနတ်မော်တာတွေ၊ ၆၀ စိန်ပြောင်းတွေ၊လက်နက်ငယ်တွေနဲ့ ကျေးရွာတွေဆီကို ဒလစပ်စတင်ပစ်ခဲ့တာဖြစ်ပါတယ်။ "ယင်းမာပင် မြို့ အနောက်ဘက် ရွာတွေမှာ စကစက လက်နတ်ကြီးနဲ့ အကြီးကျယ်ပစ်နေတယ်။ မနက် ၇နာရီ လောက်ကတည်းကနေ အခုထိ ပြည်သူတွေ ပြေးနေရပါတယ်။  ပြောင်းပြာ၊ လက်လုပ်၊ စားတော်ပင် မြို့ပေါ် အဲဒီရွာ တွေရော ပြေးနေရတာ။ စ
ကော့ကရိတ်တွင် KNLA နှင့် စစ်တပ်တို့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဖက်က တပ်ခွဲမှူးအပါအဝင် ၇ ဦးသေဆုံး
Image
 ကော့ကရိတ်တွင် KNLA နှင့် စစ်တပ်တို့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဖက်က တပ်ခွဲမှူးအပါအဝင် ၇ ဦးသေဆုံး  ရန်ကုန်၊ ဒီဇင်ဘာ ၂၂  ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် KNLAတပ်မဟာ (၆)နယ်မြေတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့က KNLA နှင့် စစ်တပ်တို့ တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ တပ်ခွဲမှူးအပါအဝင် ၇ ဦးသေဆုံးပြီး ၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။  ပထမအကြိမ်ထိတွေ့တိုက်ပွဲသည် နံနက် ၁၁ နာရီတွင်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ခမရ (၂၀၁)နှင့် ခမရ (၃၀၁)ပူပေါင်းတပ်ဖွဲ့နှင့် KNLA တပ်ရင်း (၁၈)နှင့် တပ်ရင်း (၂၇)ပူးပေါင်းတပ်တို့ အာရှလမ်းမကြီးဘေး ကော့နွဲကျေးရွာ တံတားထိပ်တွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကာ စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ တပ်ခွဲမှူးအပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲသည် မွန်းလွဲ ၁ နာရီခန့်တွင် အာရှလမ်းမကြီးဘေး ကော့နွဲကျေးရွာ တံတားထိပ်၌ပင် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ခွဲမှူး ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာထပ်မံ ရရှိခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။
ကော့နွဲ့ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်သား ၁၀၀ ခန့် နယ်မြေကျူးကျော်ဝင်ရောက်လာဟု KNU ထုတ်ပြန်၊ လှိုင်းဘွဲ့ဘက်သို့လည်း စစ်ကား ၁၀ စီး တက်သွာ
Image
 ကော့နွဲ့ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်သား ၁၀၀ ခန့် နယ်မြေကျူးကျော်ဝင်ရောက်လာဟု KNU ထုတ်ပြန်၊ လှိုင်းဘွဲ့ဘက်သို့လည်း စစ်ကား ၁၀ စီး တက်သွား ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်သည် ယနေ့ နံနက် ၅ နာရီခွဲခန့်က နယ်မြေကျူးကျော်ဝင်ရောက်လာကြောင်း ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်သည်။ အဆိုပါ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအနီးတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီတပ်က တပ်စွဲထားရာ ရွှေကြက်မင်းဘုရားကုန်းမှတဆင့် လက်နက်ကြီး (၃၀) ချက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်းရှိ လေးကေ့ကော်ဒေသ၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များအတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတ
Update News-ဒဂုံဆိပ်ကမ်းရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ ဗုံးလက်နက်ဖြင့်ပစ်ခတ်မှု ရဲ ၃ ဦးသေဆုံးဟုဆို
Image
 Update News-ဒဂုံဆိပ်ကမ်းရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ ဗုံးလက်နက်ဖြင့်ပစ်ခတ်မှု ရဲ ၃ ဦးသေဆုံးဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၂၂  ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းရဲစခန်းကို ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင် PDF ပူးပေါင်းတပ်ဖွဲ့က ဗုံးလက်နက်ဖြင့် ပစ်ခတ်မှုကြောင့် ရဲ ၃ ဦးသေဆုံးသွားကြောင်း PDF ပူးပေါင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။  ယနေ့   နံနက် ၅နာရီ ၄၅မိန်အချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူး လမ်းမကြီး ပေါ်ရှိ ဒဂုံဆိပ်ကမ်းရဲစခန်းကို Area 21 ၏ မိတ်ဘက်ညီနောင်များဖြစ်သော မိမိတို့ CGF HTY နှင့် Yangon Federal Army - YFA  တို့ ပူးပေါင်းကာ  M79 40 mm  ဗုံးသီး ၂ လုံး ပစ်ခတ် ခဲ့ပြီး ရဲ ၃ ယောက် သေဆုံးပြီး ထိခိုက်မှု များကြောင်း၊ PDF ရဲဘော်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ  ဆုတ်ခွာခဲ့ကြောင်း  ထုတ်ပြန်ထားသည်။  အဆိုပါ တိုက်ခိုက်မှုသည် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့  ၏ပျံလွှာအောင် စစ်ဆင်ရေးတစိတ်တပိုင်း ဖြစ်ပြီး စစ်‌အာဏာရှင်အား အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း  CGF HTY က ထုတ်ပြန်ထားသည်။  ဓာတ်ပုံ- ဒဂုံဆိပ်ကမ်းရဲစခန်း။ Photo Credit- People Media
မြိုင်မြို့တွင် စစ်ကောင်စီတပ်များ မိုင်းခွဲခံရပြီး ၂၃ ဦးသေဆုံး၊ သရက်ကန်ရဲစခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်
Image
  မြိုင်မြို့တွင် စစ်ကောင်စီတပ်များ မိုင်းခွဲခံရပြီး ၂၃  ဦးသေဆုံး၊ သရက်ကန်ရဲစခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် ရန်ကုန်၊ ဒီဇင်ဘာ ၂၂ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်များကို Myaing PDF နှင့် ပေါက်နယ်မှ တိမ်လွှာအဖွဲ့တို့  မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၃ ဦးသေဆုံးကာ သရက်ကန်ရဲစခန်းကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း မြိုင် PDF က သတင်းထုတ်ပြန်သည်။   ယမန်နေ့ ၂၁ ဒီဇင်ဘာ ၂၀၂၁ တွင် ပေါက်-မြိုင် နယ်စပ်တွင် စစ်ကောင်စီတပ်များနှင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊  ကမ်းပြိုလမ်းပိုင်းတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊  ပေါက်-ဇီးပြားလမ်းပိုင်းတွင် ဆိုင်ကယ် ၅ စီး ကား ၁ စီးဖြင့် လာသော စစ်ကောင်စီတပ်များကို မိုင်းဖြင့်တိုက်ခိုက်ရာ စစ်သား ၅  ဦးခန့် ​သေဆုံးပြီး ဆိုင်ကယ် ၅ စီး နှင့် ကျည် တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။  အလားတူ   ရွာစင်လမ်း၊ ရထားလမ်းအနီး မိုင်းကွင်းထဲတွင် စစ်ကောင်စီ အင်အား ၁၀၀ ခန့်ကို မိုင်းဖြင့် တိုက်ခိုက်ရာ ၃ ဦးခန့် မြှောက်တက်သွားကာ  အများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။  ယမန်နေ့ ညနေပိုင်းတွင်လည်း နံနက်ပိုင်း မို
စောက်ကောင်စီသည် ပုံမှန်အသုံးပြုနေကြ စစ်ဖက်ဆိုင်ရာကားများအပြင် အရပ်သားသုံးကား အိမ်စီး၊ Taxi ကားများ၊
Image
  ‼️  သတိပြုရန်  ‼️ စောက်ကောင်စီသည် ပုံမှန်အသုံးပြုနေကြ  စစ်ဖက်ဆိုင်ရာကားများအပြင်  အရပ်သားသုံးကား အိမ်စီး၊ Taxi ကားများ၊  ကျောင်းကားများအသုံးပြုပြီး ပုံစံမျိုးစုံဖြင့်  ကင်းပတ်နေကြပါသည်။ သတင်းပေး၊ ဒလန်များရှိနိုင်သည့်  လူစည်ကားသောနေရာများ၊ စားသောက်ဆိုင်၊  လက်ဖက်ရည်ဆိုင်နေရာများ၊ အများသုံးယာဥ် Bus ကား၊  မရင်းနှီးမသိတဲ့ Taxiပေါ်  နိုင်ငံရေးနှင့်ပတ်သက်သည့် သတင်းများ၊  အချိတ်အဆက်များပြောဆိုများ အထူးရှောင်ရှားကြပါ ။ မိမိပတ်ဝန်းကျင်တွင် စောက်ကောင်စီမှ စေခိုင်းထားသည့် အရပ်သားအယောင်ဆောင် အစေခံများရှိသည်ကိုသတိပြုပါ။ ဒင်းတို့က ရသည့်နည်းလမ်းများဖြင့်  သတင်းစုဆောင်းနေသောကြောင့် မိမိဘေးကင်းလုံခြုံရေးကို အထူးဂရုပြုရန် သတိပေးတိုက်တွန်းလိုပါတယ်။ ဒါ့အပြင် မြို့နယ်တွင်း  စောက်ကောင်စီ၏ စစ်ဖက်ဆိုင်ရာယာဥ်များနှင့်ပတ်သက်ပြီး  အလွယ်တကူ သတင်းပေးနိုင်ရန်  ဒင်းတို့အသုံးပြုနေကြယာဥ်ပုံစံနမူနာများကိုပါ ပူးတွဲတင်ပေးလိုက်ပါတယ်။ လေ့လာသိရှိပြီး လျှို့ဝှက်သတင်းပေးလိုပါက အကောင့်သို့ လုံခြုံစိတ်ချစွာ သတင်းပေးပို့နိုင်ပါသည်။
ရန်ကုန်လေဆိပ်အနီးတွင် ပေါက်ကွဲမှုဖြစ်ချိန် ဖြတ်သန်းသွားသူ မောင်အောင် သူကို စစ်တပ်က သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီ
Image
 ရန်ကုန်လေဆိပ်အနီးတွင် ပေါက်ကွဲမှုဖြစ်ချိန် ဖြတ်သန်းသွားသူ မောင်အောင် သူကို စစ်တပ်က သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီး၊ ဒဏ်ရာဖြင့်  စစ်ကြောရေးသို့ ခေါ်ဆောင်သတ်ဖြတ်၊ နေအိမ်ကို ဝင်စီးသော်လည်း ဘာမှ မတွေ့၊ မောင်အောင်သူ PDF မဟုတ်ဟု မိတ်ဆွေများပြော ရန်ကုန်၊ ဒီဇင်ဘာ ၂၂  ရန်ကုန်လေဆိပ်အနီးတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲ ဗုံးပေါက်ကွဲခဲ့ပြီး ထိုအချိန် အနီးအနားမှ ဖြတ်သွားခဲ့သူ မောင်အောင်သူကို စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ပေါင်တွင် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနောက် စစ်ကြောရေးသို့ ခေါ်ဆောင်ပြီး မောင်အောင်သူကို စစ်တပ်က သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။  "သူက ကျန်းမာရေးသိပ်မကောင်းဘူး။ နားလည်း မကြားဘူး။ အဲဒါ သူ့ဟာသူ ကျောပိုးအိတ်လေးလွယ်ပြီး နဲ့ ခရီးထွက်မယ်ဆိုပြီး ထွက်သွားတာ။ သူ့အမျိုးသမီးလည်းရှိတယ်။ သူ့အမျိုးသမီးကလည်း သူ့ အမေအိမ် ပြန်အိပ်တယ်။ သူကလည်း သူ့အမေအိမ်ပြန်အိပ်ပြီး မနက်အစော ထပြီး သွားတာသူက။ မနေ့ နံနက် ၁၁ နာရီ လောက်မှာ သူ့အိမ်ကို စစ်တပ်က ဝင်စီးပြီး လာစစ်တယ်။ ဘာမှ မတွေ့ဘူး။ပထမ သေနတ်နဲ့ပစ်တယ်။ ခြေထောက်မှာ ဒဏ်ရာရတယ်။ ပြီးတော့ စစ်ကြောရေးခေါ်ပြီး ပစ်သတ်တယ်။ နောက်အိမ်ကို သွားစစ်တယ်။ ဘာမှ မတွ
မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ
Image
 မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅  ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ ဒီဇင်ဘာ ၊ ၂၁ ၊ ၁၂ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာအနီး မန္တလေး မုံရွာ ကားလမ်း မိုင်တိုင်အမှတ် ၆၆ / ၇ နေရာဝန်းကျင်မှာ ဒီဇင်ဘာလ ၂၁ ရက် ဒီကနေ့ နေ့ခင်းပိုင်းက ပဒေသာမိုင်းတွေ ပေါက်ကွဲတဲ့အတွက် ဖြတ်သန်းသွားလာနေတဲ့ ကား ၁ စီး ထိမှန်ပြီး ကားပေါ်က ရဲ ၅ ဦးနဲ့ အရပ်သား ၁ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံ ပရဟိတသမားတွေဆီက သိရပါတယ်။ " ကျွန်တော်တို့ကားနဲ့ ရှောင်တိမ်းပြီး သိပ်မကြာဘူး မိုင်းတွေကားတယ် ၊ မိုင်းထိတဲ့ကားက VIGO အဖြူရောင်လေး ၊ ကားပေါ်မှာက ရဲတွေဖြစ်မယ် ဒဏ်ရာကြတာ " လို့ မုံရွာ မန္တလေး သွားနေတဲ့ မုံရွာမြို့ခံ တစ်ယောက်က သူမြင်တွေ့ရသမျှ ပြောပါတယ်။ အဲ့ဒီ မိုင်းစထိမှန်ပြီး ပြင်ထန်ဒဏ်ရာရတဲ့ ရဲဝန်ထမ်းတွေနဲ့ အရပ်သား ၁ ဦးရဲ့ အကြောင်းကိုတော့ " အရေးကြီး ကြီးကြပ်ကုန်ပစ္စည်း လုံခြုံရေးလိုက်ပါပေးတဲ့ ရဲတွေနဲ့ ကားသမား ဒဏ်ရာရတာပါ ၊ ဒုရဲအုပ် အောင်မျိုးသူ ၊ ရဲတပ်သား နေဝင်းအောင် ၊ ရဲတပ်သား စိုးသက်လှိုင် ၊ ရဲတပ်သား စိုးထက်အောင် ၊ ရဲတပ်သား စံအေ
အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား
Image
 အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား ရန်ကုန်၊ဒီဇင်ဘာ ၂၁-၂၀၂၁ KK(VOM) အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှုနှစ်ကြိမ်ဖြစ်ရာ တဦးသေပြီး နှစ်ဦးဒဏ်ရာရရှိကာ တန်ဖိုးငွေ သိန်းကိုးထောင်ကျော်ခန့်ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အင်းစိန်မြို့နယ်မှာ ဒီဇင်ဘာ၁၉ ရက်နဲ့၁၈ ရက်နေ့ နှစ်ရက်အတွင်း ရွှေဆိုင်မှပစ္စည်းသိမ်းပြီးပြန်လာတဲ့ကားနဲ့Kpay ငွေလာလဲသောကားနှစ်စီးကို အမည်မသိသူတွေက လုယက်ခဲ့ရာ တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကာ သိန်းကိုးထောင်ကျော်ပါသွားတာဖြစ်တယ်လို့ မြို့ခံတဦးကပြောပါတယ်။ အင်းစိန်စျေးအတွင်းဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တဆိုင်ကနေ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ရွှေသိမ်းပြီးအိမ်ပြန်ရာ အင်းစိန်ဂုံးကျော်တံတားပေါ်မှာ လုယက်ခံရတာဖြစ်ပြီး ရွှေငါးပိသာခန့်တန်ဖိုးငွေသိန်းရှစ်ထောင်နီးပါး ပါသွားတယ်လို့ သူကပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတဦးက" သူတို့ကားကို taxi တစ်စီးက ပိတ်ရပ်ပြီး ဆိုင်ကယ်သုံးစီးက လုတာပါ၊ ဆိုင်ပိုင်အမျိုးသမီးလက်ကို ဓားနဲ့ခုတ်လို့ ဒဏ်ရာရသွားတယ် ရွှေက ၄ပိဿာခွဲပါ၊ နံ့သာကုန်းဘက်မှာလည်း ၁၈ ရက်နေ့က Kpay လာလဲတဲ့ လင်မယားကို သ
ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ
Image
  ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့  လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ ဒီဇင်ဘာ ၂၂-၂၀၂၁ GH ( VOM ) ဖားကန့်မြို့၊ မှော်စီစာ ကျေးရွာအနီး၊ သာယာကျေးရွာက ကုမ္ပဏီလုပ်ကွက်‌တခုမှာ မြေစာပုံပြိုကျလို့ လူပေါင်း ၁၀၀ ကျော်လောက် ပျောက်ဆုံးမှု ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ပရဟိတအသင်းတခုဆီက သိရပါတယ်။ ပျောက်ဆုံးတဲ့ လူပေါင်း ၁၀၀ ထဲမှာ ရေမဆေးကျောက်ရှာဖွေသူတွေ ၊ စျေးရောင်းချသူတွေ ပါဝင်ကြောင်း ကနဦးသတင်းအချက်အလက်တွေအရ သိရပါတယ်။ " ဟုတ်တယ် အခုသွားမလို့ ၊မြေစာပုံပြိုကျတာ ကနဦးသိရှိချက်အရ လူ ၁၀၀ ကျော်လောက်လို့သိရတယ်။အခုသွားဖို့လူစုနေတာပါ ၊"လို့ ကယ်ဆယ်ရေးသွားမယ့် သုခဒါယီအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။ လက်ရှိမှာ မြေစာပုံပြိုကျရာကိုရောက်ရှိနေတဲ့ ပရဟိတအဖွဲ့တွေနဲ့တာဝန်ရှိသူတွေက ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေကြတယ်လို့သိရပါတယ်။ ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ခွင့်ခွင့်ပိတ်ထားပေမယ့် ဒေသခံတွေအနေနဲ့က ကျောက်စိမ်းရှာဖွေတဲ့အလုပ်ကိုသာ အဓိကလုပ်ကိုင်ရတာကြောင့် ရေမဆေးကျောက်ရှာဖွေနေကြရတာဖြစ်တယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း ဖားကန့်မြို့၊ကျောက်စိမ်းလုပ်ကွက်မှာ မြေစာပုံ
ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် မိုင်းရှင်းလင်းရေးလာသော စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရပြီး ၃ ဦး သေဆုံး၊ ၃ ဦးထက်မနည်း ဒဏ်ရာရ
Image
 ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် မိုင်းရှင်းလင်းရေးလာသော စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရပြီး ၃ ဦး သေဆုံး၊ ၃ ဦးထက်မနည်း ဒဏ်ရာရ ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ပုလဲ-ဂန့်ဂေါကားလမ်းတွင် မိုင်းရှင်းလင်းရေးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာလ ၂၁ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာပြင်းထန်ကြောင်း PDF-GanGaw က သတင်းထုတ်ပြန်သည်။ အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကို PDF-GanGaw တပ်ခွဲ ၂၇ ပုံတောင်ပုံညာအဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ ဓါတ်ပုံ - PDF GanGaw တပ်ဖွဲ့ဝင်များ
PDF ပူးပေါင်းတပ်ကြား ကြိုကြားတိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာပြင်းထန်
Image
 ချင်း-မကွေးအစပ်တွင် စစ်ကောင်စီတပ်နှင့် CDF၊ ကျောက်ထု PDF ပူးပေါင်းတပ်ကြား ကြိုကြားတိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာပြင်းထန် ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF မင်းတပ်၊ ကျောက်ထု PDF ပူးပေါင်းတပ်ဖွဲ့များကြား လွန်ခဲ့တဲ့ ၅ ရက်အတွင်း တိုက်ပွဲများ ကြိုကြားဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရပြီး CDF တပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း CDF မင်းတပ် ထံမှ သိရှိရသည်။ "ရှစ်မွေးရွာမှာ တစ်ရက်က တိုက်ပွဲဖြစ်တော့ စကစ ၁ ဦး ကျဆုံးတယ်၊ မနေ့က ညနေတိုက်ပွဲမှာတော့ နှစ်ဖက် အကျအဆုံးမရှိဘူး၊ ဒီမနက်တိုက်ပွဲမှာ စကစ ၁ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာပြင်းထန်တယ်၊ CDF မင်းတပ် တပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ် ဒဏ်ရာရတယ်" ဟု CDF မင်းတပ် ပြောခွင့်ရ ကိုယောမန်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ ထီးလင်းမြို့နယ်မှတဆင့် နယ်မြေရှင်းလင်းရေးလုပ်ရန် မင်းတပ်မြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး CDF မင်းတပ်၊ ကျောက်ထု PDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပ
သင်္ဃန်းကျွန်းမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ စစ်တပ်က ဖမ်းဆီးသွားသည့် မောင်မင်းဟိန်းခန့် သတင်းအစအနမရဘဲ ပျောက်ဆုံးနေ
Image
 သင်္ဃန်းကျွန်းမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ စစ်တပ်က ဖမ်းဆီးသွားသည့် မောင်မင်းဟိန်းခန့် သတင်းအစအနမရဘဲ  ပျောက်ဆုံးနေ ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ စစ်တပ်က ဖမ်း ဆီးသွားသည့် လူငယ်  ၁၃ ဦးအနက်မှ အသက် ၁၉ နှစ်အရွယ် မောင်မင်းဟိန်းခန့်သည် လက်ရှိအချိန်အထိ သတင်းအစအန မရရှိဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ ''ပါသွားတဲ့လူတွေအကုန်လုံး သက်ဆိုင်ရာစခန်းရောက်ပြီး အင်းစိန်ထောင်ရောက်နေကြပါပြီ။ စိတ်ပူနေလို့ပါ ရက်လည်းအရမ်းကြာနေပါပြီ သူသေသလားရှင်သလားတောင်မသိလို့ပါ'' ဟု မောင်မင်းဟိန်းခန့်၏ မိသားစုဝင် တစ်ဦးက ပြောဆိုသည်။ မောင်မင်းဟိန်းခန့်မှာ အသက် ၁၉ နှစ်အရွယ်ဖြစ်ပြီး ၎င်းနှင့်အတူ အဖမ်းဆီးခံရသူများ အသီးသီး အင်းစိန်ထောင်သို့ ရောက်ရှိပြီဖြစ်သော်လည်း မောင်မင်းဟိန်ခန့်တစ်ဦးသာ မည်သည့်နေရာတွင် ရောက်ရှိနေမှန်းမသိဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။  ဖမ်းဆီးခံရချိန်မှ စ၍ သက်ဆိုင်ရာ ရဲစခန်း၊ အင်းစိန်ထောင်နှင့် ရှေ့နေများဆီ စုံစမ်းသော်လည်း စုံစမ်း၍ မရကြောင်း၊ အင်းစိန်ထောင်သို့ မရောက်ရှိသေးဟု သာ ကြားသိရကြောင်း မောင်မင်းဟိန်းခန့်၏
ကရင်ပြည်နယ်၊ ကျုံဒိုးတွင် သတင်းမပို့ဘဲ ဖြတ်သန်းသွားလာသည့် ရဲပြောင်း ရွှေ့ ၁၂ ဦးကို KNDO က ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေး
Image
 ကရင်ပြည်နယ်၊ ကျုံဒိုးတွင် သတင်းမပို့ဘဲ ဖြတ်သန်းသွားလာသည့် ရဲပြောင်း ရွှေ့ ၁၂ ဦးကို KNDO က ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေး ရန်ကုန်၊ ဒီဇင်ဘာ ၂၁  ကရင်ပြည်နယ်၊  ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် အတွင်း သတင်းမပို့ အကြောင်း မကြားဘဲ ဖြတ်သန်းသွားလာခဲ့သည့် စကစ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၂ ဦးကို နယ်မြေလုံခြုံရေးတပ် KNDO တပ်ရင်း ၆ က ခေါ်ယူစစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။   ယနေ့ မွန်းလွဲ  ၁ နာရီ ၃၀ ခန့်က ကေအဲန်ယူ ကျုံဒိုးမြို့နယ်အတွင်း ကြာအင်းဆိပ်ကြီး၊ဘုရားသုံးဆူ၊အဇင်း၊ကျိုက်ဒုံ၊တံခွန်တိုင် ရဲစခန်းတို့မှ ရဲအင်အား ၁၂ ဦးသည် လက်နက်အပြည့်အစုံဖြင့် ဖြတ်သန်းသွားလာခဲ့ပြီး နယ်မြေခံလုံခြုံရေးတပ်ဖြစ်သည့် KNDO ကို သတင်းမပို့ အကြောင်းမကြားဘဲ သွားလာခဲ့ခြင်းကြောင့်ခေါ်ယူ စစ်ဆေးခဲ့ပြီး ညနေ ၄ နာရီ ၁၅ တွင် ပြန်လွတ်ပေးခဲ့ကြောင်း 𝕂𝕝𝕠 FM - 𝕴𝖓𝖋𝖔𝖙𝖆𝖎𝖓𝖒𝖊𝖓𝖙က သတင်းဖော်ပြသည်။  "ပြန်လွှတ်ပေးလိုက်ပြီ။ စခန်းတာဝန်ကျ ရဲပြောင်းရွှေ့တွေလို့ပြောတယ်။ စစ်ကြောင်းနဲ့ပါတာမဟုတ်ဘူး။ အထက်ကလည်း လွှတ်ပေးလိုက်ဖို့ မှာတယ်လို့ ပြောတယ်" ဟု ကရင်သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်
စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးသွားသော ရွှေပြည်အေးရွာသား ၂ ဦး ရဲစခန်းတွင် ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံး၊ ကျန် ၁၇ ဦးကို နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲထား
Image
 စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးသွားသော ရွှေပြည်အေးရွာသား ၂ ဦး ရဲစခန်းတွင် ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံး၊ ကျန် ၁၇ ဦးကို နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲထား ရန်ကုန်၊ ဒီဇင်ဘာ ၂၁ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၂၇ ရက်တွင် အကြောင်းမဲ့ဝင်ရောက်ဖမ်းဆီးသွားသော ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးရွာသား ၁၉ ဦးအနက်မှ ဦးမောင်ညိုနှင့် ဦးစိုးတင့်တို့ ၂ ဦး တောင်ကြီး အမှတ် ၁ ရဲစခန်းတွင် ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားကြောင်းနှင့် ကျန် ၁၇ ဦးကို နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။ "၁၉ ယောက်ထဲမှာ အသက် ၆၉ နှစ်အရွယ် ဦးမောင်ညိုနဲ့ ၄၉ နှစ်အရွယ် ဦးစိုးတင့် ၂ ယောက် သေသွားပြီ၊ မနေ့ကထိ သူတို့ကို ဘယ်မှာဖမ်းထားတယ်ဆိုတာတောင်မသိရဘူး၊ ဒီနေ့မှ ဖမ်းခံထားရတဲ့ သူတစ်ယောက်က ရဲစခန်းထဲက ရဲဖုန်းနဲ့ ဆက်လာလို့ သိရတာ။ ဘယ်ရက်က သေတယ်ဆိုတဲ့ဟာကို ကျနော်ဖုန်းပြန်ဆက်မေးတော့ ဖုန်းမကိုင်တော့ဘူး" ဟု ၎င်းတို့၏ အသိမိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၂၇ ရက်တွင် ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်အချို့အား မီး
မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၈ ဦး သေဆုံးပြီး PDF ၆ ဦး ကျဆုံးခဲ့
Image
 မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၈ ဦး သေဆုံးပြီး PDF ၆ ဦး ကျဆုံးခဲ့ ရန်ကုန်၊ ဒီဇင်ဘာ ၂၁  မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၈ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဘက်မှ ၆ ဦးကျဆုံးခဲ့ကြောင်း ရန်ကုန်ခေတ်သစ်က ယနေ့ စာရင်းကောက်ယူရရှိပါသည်။  တိုက်ပွဲသတင်းအသေးစိတ်များကို ရန်ကုန်ခေတ်သစ်၏ သတင်းစာမျက်နှာတွင် ဖော်ပြပြီးဖြစ်ပါ၍ အသေးစိတ်သိရှိလိုပါက သွားရောက်ဖတ်ရှုပါရန် ပန်ကြားအပ်ပါသည်။
တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ရာတွင် ကိုယ့်တပ်ကို ဗုံးမှားကျဲမှုများရှိခဲ့၊ နေပြည်တော်တွင် စစ်ရေး အစည်းအဝေး ခေါ်ယူ
Image
 မုံးကိုးတွင် MNDAAစခန်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ရာတွင် ကိုယ့်တပ်ကို ဗုံးမှားကျဲမှုများရှိခဲ့၊ နေပြည်တော်တွင် စစ်ရေး အစည်းအဝေး ခေါ်ယူ ရန်ကုန်၊ ဒီဇင်ဘာ ၂၁  ရှမ်းပြည်နယ်၊ မုံးကိုးတွင် MNDAA ၏ မန်ရန်စခန်းကို စစ်ကောင်စီက အင်အား ၅၀၀ ဖြင့် အပြင်းအထန် ထိုးစစ်ဆင်ရာတွင် တိုက်လေယာဉ်ဖြင့်ပါ ဗုံးကျဲတိုက်ခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်များအပေါ် မှားယွင်း ဗုံးကျဲမှုများ ရှိခဲ့ကြောင်း စစ်ရေးသတင်းရပ်ကွက်ထံမှ သိရှိရသည်။  MNDAA ၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၁၉ ရက်နေ့ စစ်ကြောင်း ၃ ကြောင်းဖြင့် MNDAA တပ်စခန်းကို စစ်တပ်က ထိုးစစ်ဆင်ရာတွင် လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ၊ စစ်ကောင်စီ၏ တပ်မ(၉၉)လက်အောက်ခံ တပ်ရင်း (၁၅) ၊ (၅၉)၊ (၇၉)၊ (၁၁၃) နှင့် တပ်မ (၇၇)လက်အောက်ခံ တပ်ရင်း(၃၁၃) စုစုပေါင်း လူအင်အား(၅၀၀)ကျော်ဖြင့် ထိုးစစ်ဆင်လာကြောင်း၊ MNDAA ဘက်က အကောင်းဆုံးခုခံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀၀ နီးပါး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ MNDAA ဘက်မှ ၂ ဦးကျဆုံးပြီး ၆ ဦဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။  "လေကြောင်းပစ်တာမှာ ကိုယ့်တပ်ပေါ် ကိုယ်ဗုံးကျဲပစ်ခတ
ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ်ပြုလုပ်
Image
ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ်ပြုလုပ်  ရန်ကုန်၊ ဒီဇင်ဘာ ၁၆ မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ပြည်ခွန် ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။  
မြ၀တီနှင့်ကော့ကရိတ်မြို့နယ်များသို့ ကူးစက်ပြီး စစ်တပ်ဘက်မှ ၅၀ နီးပါး သေဆုံးထိခိုက်ဒဏ်ရာရနိုင်
Image
 ကရင်ပြည်နယ်၊ လေးကေ့ကော်တွင် စတင်သော တိုက်ပွဲများ မြ၀တီနှင့်ကော့ကရိတ်မြို့နယ်များသို့ ကူးစက်ပြီး စစ်တပ်ဘက်မှ ၅၀ နီးပါး သေဆုံးထိခိုက်ဒဏ်ရာရနိုင် ရန်ကုန်၊ ဒီဇင်ဘာ ၁၆  ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ မယ်ထော်သလေးတွင် ဒီဇင် ဘာလ ၁၅ ရက်နေ့ စတင်လိုက်သော တိုက်ပွဲများသည် မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များအတွင်းသို့ ကူးစက်ပြီး စစ်တပ်ဘက်မှ ၅၀ နီးပါး သေဆုံးထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း KNLA သတင်းရင်းမြစ်များထံမှ သိရှိရသည်။  ယမန်နေ့က လေးကေ့ကော်တိုက်ပွဲတွင် ၂၀ နီးပါး စစ်ကောင်စီတပ်ဘက်မှ သေဆုံးခဲ့ပြီး ယနေ့တွင်လည်း စစ်ကောင်စီဘက်မှ ၃၀ နီးပါး သေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးထိခိုက်ဒဏ်ရာရရှိသူသူ ၅၀ နီးပါး ရောက်ရှိလာပြီဖြစ်ကြောင်း၊ သေဆုံးသူများတွင် အရာရှိများပါဝင်ကြောင်း သိရှိရသည်။  "ဒီညနေပိုင်းနဲ့ညပိုင်းမှာ အလောင်းလာကောက်မယ်ဆိုလို့ ပစ်တာကို ခဏရပ်ပေးထားလိုက်တယ်။ မယ်ထော်သလေး ကွမ်းယာဆိုင်နားမှာတင် အလောင်းတွေက ဖွေးနေပြီ။ အတုန်းအရုန်းပဲ။ အခု ညနေပိုင်းနဲ့ ညပိုင်းမှာ BGF ဘက်က အလောင်းလာ ကောက်နေတယ်။ ကောက်ခွင့်ပေးလိုက်တယ်" ဟု KNLA သတင်းရင်းမြစ်က ပြောသည်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဒူး
လေးကေ့ကော်နှင့်အတူ ရန်ကုန်က အတူရှိနေကြောင်း ပိုစတာချိတ်ဆွဲပြီး သာကေတ ယာဉ်ထိန်းရဲကင်းကို ဗုံးဖောက်
Image
  လေးကေ့ကော်နှင့်အတူ ရန်ကုန်က အတူရှိနေကြောင်း ပိုစတာချိတ်ဆွဲပြီး သာကေတ ယာဉ်ထိန်းရဲကင်းကို ဗုံးဖောက် ရန်ကုန်၊ ဒီဇင်ဘာ ၁၆  ရန်ကုန်၊ သာကေတ၊ မြင်တော်သာလမ်းနှင့်ဧရာဝဏ်လမ်းထိပ်ရှိ ယာဉ်ထိန်းရဲကင်းတွင် ယနေ့ နံနက် ၁၀ နာရီခွဲအချိန် လေးကေ့ကော်နှင့်အတူ ရန်ကုန်အတူရှိနေကြောင်း ပိုစတာချိတ်ဆွဲပြီး ဗုံးတစ်လုံးဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။
စစ်တပ်သား ၂၀ နီးပါး သေဆုံး၊ စစ်သား ၂၃ ဦး အရှင်ဖမ်းမိထား၊ ဒုဗိုလ်မှူးကြီးထင်လင်းဇော် အပါအဝင် စစ်သားများ ဒဏ်ရာရသူများပြား
Image
  လေးကေ့ကော်တွင် စစ်ကြောင်းမှူး စနိုက်ပါမိ၍ သေဆုံးမှု အပါအဝင် စစ်တပ်သား ၂၀ နီးပါး သေဆုံး၊ စစ်သား ၂၃ ဦး အရှင်ဖမ်းမိထား၊   ဒုဗိုလ်မှူးကြီးထင်လင်းဇော် အပါအဝင် စစ်သားများ ဒဏ်ရာရသူများပြား ရန်ကုန်၊ ဒီဇင်ဘာ ၁၅  ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ လေးကေ့ကော်၊ ယနေ့တိုက်ပွဲတွင်  စစ်တပ်တပ်ရင်းမှူး စနိုက်ပါမိ၍ သေဆုံးမှု အပါအဝင်  စစ်တပ်ဘက်မှ ၂၀ နီးပါးသေဆုံးပြီး ၂၃ ဦးအရှင်ဖမ်းမိကြောင်း လေးကေ့ကော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။ "တိုက်ပွဲကတော့ ပစ်ခတ်မှုတွေကတော့ ရပ်သွားပါပြီ။ ဒီနေ့တစ်နေ့လုံး စစ်ခွေးတွေဘက်က သေတာ ၂၀နီးပါးရှိပါတယ်။ ဘယ်အဆင့်တွေဆိုတာတော့ အတည်ပြုဖို့ခက်ပါတယ်။ အရာရှိတွေလည်းပါတယ်။ အရှင် ၂၃ယောက်မိပါတယ်။ အဲဒါကတော့ သေချာပါတယ်" ဟု လေးကေ့ကော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။  လေးကေ့ကော်တိုက်ပွဲထဲတွင် ရှိနေသည့် ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ကလည်း စစ်တပ်စစ်ကြောင်းမှူး၊ တပ်ရင်းမှူး စနိုက်ပါမိ၍ သေဆုံးသွားကြောင်း အတည်ပြုပြောဆိုသည်။  "ဒုဗိုလ်မှုးကြီး ထင်လင်းဇော် ပေါင်ဒဏ်ရာရတယ်။ စစ်တပ် စစ်ကြောင်းမှုးသေပါတယ်။ စစ်ကြောင်းမှုး နာမည်မသိသေးဘူး" ဟု သတင
လေးကေ့ကော်တိုက်ပွဲအတွင်း စစ်ဘေးရှောင် ၂၀၀၀ နီးပါးနှင့် ပိတ်မိနေသူ ပြည်သူ ၅၀၀ ခန့်ရှိ
Image
  လေးကေ့ကော်တိုက်ပွဲအတွင်း စစ်ဘေးရှောင် ၂၀၀၀ နီးပါးနှင့် ပိတ်မိနေသူ ပြည်သူ ၅၀၀ ခန့်ရှိ ရန်ကုန်၊ ဒီဇင်ဘာ ၁၆  ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်တိုက်ပွဲကြောင့် စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ နီးပါး ရှိနေပြီး လေးကေ့ကော်မြို့အတွင်း ပိတ်မိနေသူ ပြည်သူ ၅၀၀ ခန့်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။  ယမန်နေ့ နံနက်ပိုင်း ၁၁ နာရီမှစတင်သော တိုက်ပွဲကြောင့် စစ်ဘေးရှောင် ပြည်သူများ ရှိနေပြီး လက်ရှိတွင် စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ နီးပါး ရှိကြောင်း၊ လေးကေ့ကော်မြို့အတွင်းရှိ ရပ်ကွက်များတွင်လည်း ပိတ်မိနေသူ  ပြည်သူ ၅၀၀ ကျော်ရှိကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။  "ရွာတွေဘက်မှာ စစ်ဘေးရှောင် ၁၃၀၀ လောက်ရှိတယ်။ သူတို့ကို ၄ နေရာ ခွဲထားတယ်။ စာသင်ကျောင်း ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းပေါ့။ ဒါ့အပြင် ဒီမနက်  အခြားရွာစာသင်ကျောင်းမှာလည်း စစ်ဘေးရှောင် ၅၀၀ လောက် ရှိတယ်။  လေးကေ့ကော်မြို့ထဲမှာလည်း ပိတ်မိနေတဲ့ ပြည်သူ  ၅၀၀ လောက် ရှိနေပါတယ်" ဟု ဒေသသတင်းရင်းမြစ်ကဆိုသည်။
မန္တလေး တွင် ဖမ်းဆီးခံရသော လူငယ် ၃ ဦး အသက်ရှင်နေဆဲဖြစ်သော်လည်း စစ်တပ်က သေစာရင်းထည့်သွင်း
Image
  စစ်ကောင်စီက ပြည်သူများကို ကာဖျူးအချိန်တွင် လိုက်လံ ဖမ်းဆီးနေ၊ မန္တလေး တွင် ဖမ်းဆီးခံရသော လူငယ် ၃ ဦး အသက်ရှင်နေဆဲဖြစ်သော်လည်း စစ်တပ်က သေစာရင်းထည့်သွင်း ရန်ကုန်၊ ဒီဇင်ဘာ ၁၆  အကြမ်းဖက် စစ်ကောင်စီက ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းတွင် ပြည်သူအများအပြားကို ည ၁၀ နာရီမှ နံနက် ၄ နာရီ ညမထွက်ရ အမိန့်ထုတ်ပြန်ထားချိန်တွင် လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း မြို့ခံများထံမှ သိရှိရသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၃ နာရီအချိန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် တိုးချဲ့ ရပ်ကွက်မှ လူငယ် ၃ ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုသည်။  အလားတူ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန်တွင် သာကေမြို့နယ်၊ ၇ အနောက်ရပ်ကွက် ၊ ပတ္တမြား ၄ လမ်းတွင် ဧည့်စာရင်းဝင်စစ်ပြီး အထပ်မြင့်တိုက်တစ်ခုမှ လူငယ် ၂ ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။  အလားတူ ရန်ကုန်၊ဒဂုံမြို့သစ် တောင်ပိုင်း ၁၀၄ရပ်ကွက်တွင်လည်း လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရှိရသည်။  မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ အိုမတွေ့ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ကင်းတဲ ဗုံးကွဲမှုနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၁၀ နာရီ
မယ်ထော်သလေးတွင် KNLA နှင့် စစ်တပ် ပစ်ခတ်မှုများစတင်ဖြစ်၊ စစ်ကောင်စီတပ်ဘက်မှ BGF နယ်ခြားစောင့်များ ပူးပေါင်းပါဝင်လာ
Image
  မယ်ထော်သလေးတွင် KNLA နှင့် စစ်တပ် ပစ်ခတ်မှုများစတင်ဖြစ်၊ စစ်ကောင်စီတပ်ဘက်မှ BGF နယ်ခြားစောင့်များ ပူးပေါင်းပါဝင်လာ ရန်ကုန်၊ ဒီဇင်ဘာ ၁၆  ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မယ်ထော်သလေးတွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ်နှင့် KNLA တပ်များအကြား ပစ်ခတ်မှုများ စတင်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ BGF များ ပါဝင်လာကြောင်း ဒေသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။  "မေတ္တာလင်းမြိုင်မှာ စစ်ကား ၁၀ စီးရောက်နေတယ်။ လေ့ကေ့နားမှာ  စစ်သား ၃၀လောက်ရှိတယ်...ထပ်ဆိုင်ဖို့ပြင်နေတယ်။မယ်ထော်သလေး ဘက်မှာတော့ ပစ်နေတယ် အသံ ၂ ချက်လောက်ကြားလိုက်ရတယ်။ ဗယ်ဟီးကလော်နဲ့ မယ်ထော်သလေး ဘက်မှာ ထိတွေ့မှုစပြီ။ BGF ပါလာပြီ။ စစ်တပ်နဲ့ BGF ပေါင်း ၁၅၀ အင်အားရှိတယ်။ စစ်တပ်နဲ့ BGF က အဲဒီဘက်ကနေ အင်အား ၁၅၀ နဲ့ ဝင်ဖို့လုပ်နေတာ။ လေးကေ့ကော် ၃ ရပ်ကွက်ဘက်မှာ စစ်သားတွေရှိနေတုန်းပဲ။ အိမ်တွေထဲ ဝင်နေတယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။  လက်ရှိတွင်မူ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်သူ ၂၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
78လမ်း၊သိပ္ပံရှေ့၌ ပေါက်ကွဲမှုနှစ်ခုဖြစ်ပွား
Image
 78လမ်း၊သိပ္ပံရှေ့၌ ပေါက်ကွဲမှုနှစ်ခုဖြစ်ပွား မန္တလေး၊ဒီဇင်ဘာလ၊၁၆ရက် ယနေ့ နံနက်9နာရီခန့်တွင် 78လမ်း၊သိပ္ပံလမ်း က.ည.န ရုံးရှေ့တွင် စစ်ဆေးရန်ရောက်‌ရှိနေသည့် စစ်ကားတစ်စီး၌ ပေါက်ကွဲခဲ့သည်။ယင်းပေါက်ကွဲမှုအပြီး စစ်ကားနှင့် စခအများအပြားရောက်ရှိလာပြီး လေးဘက်လေးလံပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေချိန်တွင် 9:45 AM ခန့်တွင် ဗုံးနောက်တစ်လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း သတင်းရရှိပါသည်။ #သပြေညိုသတင်းလွှာ
ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းမြို့နယ်မြောက်ခြမ်းတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေ
Image
 ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းမြို့နယ်မြောက်ခြမ်းတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး ရွာပေါင်းစုံ သပိတ်၂၈၀ရက်မြောက်နေ့အဖြစ် ချီတက် ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းမြို့နယ်မြောက်ခြမ်းရှိ ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး ရွာပေါင်းစုံ သပိတ်၂၈၀ရက်မြောက်နေ့အဖြစ် ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြသည်။
ဘယ်သူတွေကကြောက်တာလဲ" ကြွေးကြော်သံနှင့် အတူ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
Image
 "ဘယ်သူတွေကကြောက်တာလဲ" ကြွေးကြော်သံနှင့် အတူ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ ရန်ကုန်၊ ဒီဇင်ဘာ ၁၅ မန္တလေးတွင်  ပြည်သူများ စုစည်း၍ "ဘယ်သူတွေကကြောက်တာလဲ" ကြွေးကြော်သံနှင့် အတူ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်ခဲ့ကြသည်။