မန္တလေး တွင် ဖမ်းဆီးခံရသော လူငယ် ၃ ဦး အသက်ရှင်နေဆဲဖြစ်သော်လည်း စစ်တပ်က သေစာရင်းထည့်သွင်း


 

စစ်ကောင်စီက ပြည်သူများကို ကာဖျူးအချိန်တွင် လိုက်လံ ဖမ်းဆီးနေ၊ မန္တလေး တွင် ဖမ်းဆီးခံရသော လူငယ် ၃ ဦး အသက်ရှင်နေဆဲဖြစ်သော်လည်း စစ်တပ်က သေစာရင်းထည့်သွင်း


ရန်ကုန်၊ ဒီဇင်ဘာ ၁၆ 


အကြမ်းဖက် စစ်ကောင်စီက ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းတွင် ပြည်သူအများအပြားကို ည ၁၀ နာရီမှ နံနက် ၄ နာရီ ညမထွက်ရ အမိန့်ထုတ်ပြန်ထားချိန်တွင် လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း မြို့ခံများထံမှ သိရှိရသည်။


ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၃ နာရီအချိန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် တိုးချဲ့ ရပ်ကွက်မှ လူငယ် ၃ ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုသည်။ 


အလားတူ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန်တွင် သာကေမြို့နယ်၊ ၇ အနောက်ရပ်ကွက် ၊ ပတ္တမြား ၄ လမ်းတွင် ဧည့်စာရင်းဝင်စစ်ပြီး အထပ်မြင့်တိုက်တစ်ခုမှ လူငယ် ၂ ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။ 


အလားတူ ရန်ကုန်၊ဒဂုံမြို့သစ် တောင်ပိုင်း ၁၀၄ရပ်ကွက်တွင်လည်း လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရှိရသည်။ 


မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ အိုမတွေ့ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ကင်းတဲ ဗုံးကွဲမှုနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၁၀ နာရီတွင် အိုးမတွေ့ရွာအတွင်း ဧည့်စာရင်းစစ်ပြီး ပြည်သူ ၁၂ ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။ 


မန္တလေးမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သော PDF ဟု စွပ်စွဲခံရသူ လူငယ် ၃ ဦးမှာ အသက်ရှင်နေဆဲဖြစ်သော်လည်း စစ်တပ်က မူ သေစာရင်းထဲ ထည့်သွင်းထားကြောင်း၊ သက်ဆိုင်ရာ မိသားစုများကို သေဆုံးပြီဟု အကြောင်းကြားမှုများရှိကြောင်း၊ လက်တွေ့တွင်မူ အသက်ရှင်နေဆဲဖြစ်သည်ဟု သိရှိရကြောင်း၊ ညှဉ်းပန်းနှိပ်စက်မှုများကို စစ်တပ်က ရက်ရက်စက်စက် လုပ်ဆောင်နေကြောင်း သိရှိရသည်။ 


Photo - AFP

Comments

Popular posts from this blog

Click To Donate

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ