အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား ရန်ကုန်၊ဒီဇင်ဘာ ၂၁-၂၀၂၁ KK(VOM) အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှုနှစ်ကြိမ်ဖြစ်ရာ တဦးသေပြီး နှစ်ဦးဒဏ်ရာရရှိကာ တန်ဖိုးငွေ သိန်းကိုးထောင်ကျော်ခန့်ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အင်းစိန်မြို့နယ်မှာ ဒီဇင်ဘာ၁၉ ရက်နဲ့၁၈ ရက်နေ့ နှစ်ရက်အတွင်း ရွှေဆိုင်မှပစ္စည်းသိမ်းပြီးပြန်လာတဲ့ကားနဲ့Kpay ငွေလာလဲသောကားနှစ်စီးကို အမည်မသိသူတွေက လုယက်ခဲ့ရာ တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကာ သိန်းကိုးထောင်ကျော်ပါသွားတာဖြစ်တယ်လို့ မြို့ခံတဦးကပြောပါတယ်။ အင်းစိန်စျေးအတွင်းဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တဆိုင်ကနေ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ရွှေသိမ်းပြီးအိမ်ပြန်ရာ အင်းစိန်ဂုံးကျော်တံတားပေါ်မှာ လုယက်ခံရတာဖြစ်ပြီး ရွှေငါးပိသာခန့်တန်ဖိုးငွေသိန်းရှစ်ထောင်နီးပါး ပါသွားတယ်လို့ သူကပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတဦးက" သူတို့ကားကို taxi တစ်စီးက ပိတ်ရပ်ပြီး ဆိုင်ကယ်သုံးစီးက လုတာပါ၊ ဆိုင်ပိုင်အမျိုးသမီးလက်ကို ဓားနဲ့ခုတ်လို့ ဒဏ်ရာရသွားတယ် ရွှေက ၄ပိဿာခွဲပါ၊ နံ့သာကုန်းဘက်မှာလည်း ၁၈ ရက်နေ့က Kpay လာလဲတဲ့ လင်မယားကို သ...
Comments
Post a Comment