Posts

Click To Donate

Image
  1.  https://go.rancah.com/b6cBpEf 2.  https://go.rancah.com/koH7sI 3.  https://go.rancah.com/KxjMoUUV 4.  https://go.rancah.com/DzIHrDe0 5.  https://go.rancah.com/icoS 6.  https://go.rancah.com/lHu14Nwv 7.  https://go.rancah.com/JWRjD1RA 8.  https://go.rancah.com/aLyy 9.  https://go.rancah.com/ZRiaBh 10.  https://go.rancah.com/kfQCDj အရေးတော်ပုံအောင်ရမည်

တရားရုံးက ပေးပို့လာသော အကြောင်း ကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်း၀ရမ်းနှင့်ဆင့်ခေါ်စာ လက်မခံရန် မင်းအောင်လှိုင် လျှို့ဝှက်ညွှန်ကြား

Image
 Breaking News- ICC တရားရုံးနှင့် အာဂျင်တီးနားတရားရုံးက  ပေးပို့လာသော အကြောင်း ကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်း၀ရမ်းနှင့်ဆင့်ခေါ်စာ လက်မခံရန်  မင်းအောင်လှိုင် လျှို့ဝှက်ညွှန်ကြား ရန်ကုန်၊ ဒီဇင်ဘာ ၂၉  မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များထံသို့  နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ၊ အာဂျင်တီးနား တရားရုံး အပါအဝင်  နိုင်ငံတကာအဖွဲ့အစည်းများက ပေးပို့လာသော အကြောင်းကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်း၀ရမ်းနှင့်ဆင့်ခေါ်စာများကို လုံး၀ လက်ခံခြင်း မပြုရန် မင်းအောင်လှိုင်က ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။  စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်ကို နေပြည်တော်တရားလွှတ်တော်ချုပ်ထံသို့ ပေးပို့ထားပြီး တရားသူကြီးချုပ် ထွန်းထွန်းဦးကလည်း ၎င်း၏ တရားလွှတ်တော် ဝန်ထမ်းများကို ပြည်ပမှ ဝင်လာမည့် မည်သည့်စာကိုမှ လက်မခံရန် တစ်ဆင့်ထပ်မံ လျှို့ဝှက် ညွှန်ကြားကြောင်း သိရှိရသည်။  တရားလွှတ်တော် ဝန်ထမ်းများအနေဖြင့် ပြည်ပမှ ဝင်ရောက်လေ့ရှိသည့် DHL အပါအဝင် အမြန်ချောပို့နှင့်အခြားနည်းလမ်းများဖြင့် ပေးပို့လာသည့်စာများကို လက်ခံခြင်းမပြုရန် ညွှန်ကြားထားကြောင်း သိရှိရသည်။ လတ်တလော မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် လူမျိ

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ

Image
 မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး  Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ  ရန်ကုန်၊ ဒီဇင်ဘာ  စစ်ကိုင်းတိုင်း၊မုံရွာမြို့ တွင် ကျောက်ဆစ်ပုံအမြောက်တပ်မှ  ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီးလည်းဖြစ်၊ မုံရွာ မြို့နယ်စီမံခန့်ခွဲရေးရုံး Non-CDMဝန်ထမ်းလည်းဖြစ်သူ ဒေါ်အိဖြိုးစု ဖြစ်သူသည် ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင်ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။  မုံရွာမြို့နယ်စီမံခန့်ခွဲရေးရုံး Non-CDM ဝန်ထမ်းလည်းဖြစ်၊ ဗိုလ်ကတော်တစ်ဦးလည်းဖြစ်သူ ဒေါ်အိဖြိုးစုသည်  ယမန်နေ့ဒီဇင်ဘာ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန် မုံရွာမြို့နယ်၊ချမ်းမြဝတီရပ်ကွက်၊ရေကူးကန်လမ်းနဲ့၁၉လမ်းထောင့်အနီးတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။  "မနေ့ကမနက် ၉နာရီလောက်မှာ ရေကူးကန်၁၉လမ်းအနီးမှာ အမည်မသိလူတစ်စုက ပစ်သ တ်သွားတာ၊သေနတ်၇ချက်ဖြင့် တခါတည်းပွဲချင်းပြီးသေဆုံးသွားတာ" ဟု ဒေသခံတစ်ဦးက RNA သို့ ပြောဆိုသည်။  အလားတူ မကွေးတိုင်း၊ပခုက္ကူမြို့နယ်မှ စစ်ကောင်စီခန့် မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး တင်လှိုင်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့ န

ရန်ကုန်အင်းစိန် ရွာမရဲစခန်းကို ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်၊ မြို့လယ်ခေါင် ပန်းဆိုးတန်းအခွန်ရုံးရှေ့တွင် ဗုံးပေါက်

Image
 ရန်ကုန်အင်းစိန် ရွာမရဲစခန်းကို ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်၊ မြို့လယ်ခေါင် ပန်းဆိုးတန်းအခွန်ရုံးရှေ့တွင် ဗုံးပေါက် ရန်ကုန်၊ ဒီဇင်ဘာ ၂၉  ရန်ကုန်အင်းစိန်မြို့နယ် ရွာမရဲစခန်းကို ယနေ့ နံနက်ပိုင်း ၅ နာရီ ၄၅ မိနစ်အချိန်တွင် Yangpn Federal Army နှင့် CGF-HTY တို့ ပူးပေါင်းကာ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။  ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ ပျံလွှားအောင် စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်ရှိ ရွာမရဲစခန်းကို Yangpn Federal Army နှင့် CGF-HTY တို့ ပူးပေါင်းကာ ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။  "အထိအခိုက် အသေအဆုံးသတင်းတော့ မသိရသေးဘူး" ဟု ဒေသကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။  အလားတူ ရန်ကုန်မြို့လယ်ခေါင် ပန်းဆိုးတန်းလမ်းရှိ အလယ်အလတ် အခွန် ထမ်းများရုံး (၁) ပန်းဆိုးတန်းကအခွန်ရုံးရှေ့တွင် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။  ဓာတ်ပုံ- ဗုံးပေါက်ကွဲသော ရန်ကုန်မြို့လယ်ခေါင် ပန်းဆိုးတန်းအခွန်ရုံး။ (ပုံအဟောင်းဖြစ်သည်) Photo - MKLရန်ကုန်အင်းစိန် ရွာ

လွိုင်ကော်အကျဉ်းထောင်အနီးရှိ ခရိုင်ရဲရုံးကို ကရင်နီ ၃ ဖွဲ့ ဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူများ

Image
  Unicode လွိုင်ကော်အကျဉ်းထောင်အနီးရှိ ခရိုင်ရဲရုံးကို ကရင်နီ ၃ ဖွဲ့ ဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ကယား (ကရင်နီပြည်) လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ အကျဉ်းထောင်အနီးရှိ ခရိုင်ရဲရုံးကို ဒီဇင်ဘာလ ၂၉ ရက် ယနေ့ နံနက် ၃ မှ စတင်ကာ JPDF-Rangers၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF၊ GZ-21 ညီနောင် ၃ ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း JPDF က သတင်းထုတ်ပြန်သည်။ "ဝင်တိုက်တာက ကျနော်တို့ ညီနောင် ၃ ဖွဲ့က ဝင်တိုက်တာ၊ အပြန်အလှန်ပစ်တာကတော့ ၁၀ မိနစ်လောက်ပဲ ကြာတယ်၊ သူတို့ဘက်က ထိခိုက်ဒဏ်ရာရတဲ့သူများမယ်။ စစ်သား ၂ ယောက်သေတယ်ဆိုတာ ကျနော်တို့ အတည်ပြုလို့ရတယ်။ ကျနော်တို့ ဘက်က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်တယ်" ဟု JPDF ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ ဓါတ်ပုံ - JPDF-Rangers၊ KDF၊ GZ-21 တပ်ဖွဲ့ဝင်များ Zawgyi လွိုင်ကော်အကျဉ်းထောင်အနီးရှိ ခရိုင်ရဲရုံးကို ကရင်နီ ၃ ဖွဲ့ ဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ကယား (ကရင်နီပြည်) လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ အက

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်

Image
Unicode  အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန် ရန်ကုန်၊ ဒီဇင်ဘာ ၂၄  ရန်ကုန်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို  ကာဒီနယ်ချားစ်ဘိုက လက်ခံတွေ့ဆုံမှုကို Independent Catholics For Justice in Myanmar (ICJM ) က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီး ဝမ်းနည်း စိတ်ပျက်ရကြောင်း ကြေညာချက် ထုတ်ပြန်သည်။  ဒီဇင်ဘာလ ၂၃ ရက်နေ့  ကာဒီနယ်ချားစ်ဘိုနှင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့တွေ့ဆုံခြင်းအပေါ်ကက်သလစ်ဘာသာဝင်များအနေ ဖြင့် အင်မတန်ထိတ်လန့်တုန်လှုပ် ဝမ်းနည်းစိတ်ပျက် ရကြောင်း၊  အဆိုပါတွေ့ဆုံမှုသည် မြန်မာပြည် ကက်သလစ် ဘာသာဝင်များအားလုံးနီးပါး၏ ဆန္ဒနှင့် ဆန့်ကျင်သည့်အတွက်ကြောင့် ဘာသာဝင်များကို ကိုယ်စားမပြုကြောင်း ကြေညာချက်တွင် ဖော်ပြသည်။ အကြမ်းဖက်စစ်ကောင်စီကို မည်သို့သော အကြောင်းပြချက်များအားဖြင့်ဖြစ်စေ အသိ အမှတ်ပြုနေသော ကာဒီနယ်ချားစ်ဘို နှင့်တကွ မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းကိုမဆို ICJM  အနေဖြင့် ပြင်းထန်စွာ

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

Image
 Unicode မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊  ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ ရန်ကုန်၊ ဒီဇင်ဘာ ၂၄  တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၊ပြင်းဖြူကြီးကျေး ရွာအုပ်စု၊ပိတိုင်ရွာအနီး မြိတ်-ထားဝယ် လမ်းမပေါ်တွင်  ခရီးသည်များလိုက်ပါလာသောယာဥ်တန်းကို ယနေ့နံနက် ၄ နာရီတွင် စစ်ကောင်စီတပ်များက ပစ်ခတ်တိုက်ခိုက်ရာ ကုန်တင်ကားဆရာတစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောဆိုသည်။  ဒီဇင်ဘာ(၂၄)ရက်၊နံနက်(၄)နာရီခန့် မြိတ်ဖက်မှ ထားဝယ်ဖက်သို့ ဦးတည်လာသော ခရီးသည်ယာဥ်တန်းတိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးကဆိုသည်။ "ခရီးသည်ယာဥ်တန်းရှေ့မှာ တခုခုပေါက်ကွဲပြီး စစ်တပ်က  သေနတ်ကျည် ဆယ်ချက်ခန့် ကားတွေကို ဆက် တိုက်ပစ်တယ်။ ခရီးသည်တင်ကားတွေဖြစ်တဲ့ ရတနာတိုး၊ မန္တလာမင်းနဲ့ တွဲကားအပစ်ခံရတယ်။  တွဲကားဆရာပွဲချင်းပြီး ဆုံးတယ်။ မန္တလာမင်းကားဆရာ ထိတယ် စိုးရိမ်ရတယ်။ ရတနာတိုးက ခရီးသည် ၂ယောက်ထိတယ်" ဟု‌ ဒေသခံတစ်ဦးက ပြောသည်။  "စစ်တပ်က ပစ်ပြီး PDF က ပစ်သလို ပုံစံမျိုး အကွက်ဆင်ပစ်တာဗျ။ PDF က ခရီးသည်တင်ကား ပစ်စရာလည်း အကြောင်းမရှိဘူး" ဟု PDF သတင