မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ


 Unicode


မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊  ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ


ရန်ကုန်၊ ဒီဇင်ဘာ ၂၄ 


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၊ပြင်းဖြူကြီးကျေး ရွာအုပ်စု၊ပိတိုင်ရွာအနီး မြိတ်-ထားဝယ် လမ်းမပေါ်တွင်  ခရီးသည်များလိုက်ပါလာသောယာဥ်တန်းကို ယနေ့နံနက် ၄ နာရီတွင် စစ်ကောင်စီတပ်များက ပစ်ခတ်တိုက်ခိုက်ရာ ကုန်တင်ကားဆရာတစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောဆိုသည်။ 


ဒီဇင်ဘာ(၂၄)ရက်၊နံနက်(၄)နာရီခန့် မြိတ်ဖက်မှ ထားဝယ်ဖက်သို့ ဦးတည်လာသော ခရီးသည်ယာဥ်တန်းတိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးကဆိုသည်။


"ခရီးသည်ယာဥ်တန်းရှေ့မှာ တခုခုပေါက်ကွဲပြီး စစ်တပ်က  သေနတ်ကျည် ဆယ်ချက်ခန့် ကားတွေကို ဆက် တိုက်ပစ်တယ်။ ခရီးသည်တင်ကားတွေဖြစ်တဲ့ ရတနာတိုး၊ မန္တလာမင်းနဲ့ တွဲကားအပစ်ခံရတယ်။  တွဲကားဆရာပွဲချင်းပြီး ဆုံးတယ်။ မန္တလာမင်းကားဆရာ ထိတယ် စိုးရိမ်ရတယ်။ ရတနာတိုးက ခရီးသည် ၂ယောက်ထိတယ်" ဟု‌ ဒေသခံတစ်ဦးက ပြောသည်။ 


"စစ်တပ်က ပစ်ပြီး PDF က ပစ်သလို ပုံစံမျိုး အကွက်ဆင်ပစ်တာဗျ။ PDF က ခရီးသည်တင်ကား ပစ်စရာလည်း အကြောင်းမရှိဘူး" ဟု PDF သတင်းရင်းမြစ်က ပြောသည်။


Zawgyi


ၿမိတ္-ထားဝယ္ လမ္းမေပၚတြင္ ခရီးသည္တင္ကားမ်ားႏွင့္ကုန္တင္ကားမ်ားကို စစ္တပ္က ပစ္ခတ္၊  ကုန္တင္ကားဆရာေသဆုံးၿပီး ခရီးသည္ ၃ ဦးဒဏ္ရာရ


ရန္ကုန္၊ ဒီဇင္ဘာ ၂၄ 


တနသၤာရီတိုင္း၊ ထားဝယ္ခရိုင္၊သရက္ေခ်ာင္းၿမိဳ႕နယ္၊ျပင္းျဖဴႀကီးေက်း ႐ြာအုပ္စု၊ပိတိုင္႐ြာအနီး ၿမိတ္-ထားဝယ္ လမ္းမေပၚတြင္  ခရီးသည္မ်ားလိုက္ပါလာေသာယာဥ္တန္းကို ယေန႕နံနက္ ၄ နာရီတြင္ စစ္ေကာင္စီတပ္မ်ားက ပစ္ခတ္တိုက္ခိုက္ရာ ကုန္တင္ကားဆရာတစ္ဦး ေသဆုံးၿပီး ၃ ဦးဒဏ္ရာရရွိေၾကာင္း ေဒသခံမ်ားက ေျပာဆိုသည္။ 


ဒီဇင္ဘာ(၂၄)ရက္၊နံနက္(၄)နာရီခန့္ ၿမိတ္ဖက္မွ ထားဝယ္ဖက္သို႔ ဦးတည္လာေသာ ခရီးသည္ယာဥ္တန္းတိုက္ခိုက္ခံရေၾကာင္း ေဒသခံတစ္ဦးကဆိုသည္။


"ခရီးသည္ယာဥ္တန္းေရွ႕မွာ တခုခုေပါက္ကြဲၿပီး စစ္တပ္က  ေသနတ္က်ည္ ဆယ္ခ်က္ခန့္ ကားေတြကို ဆက္ တိုက္ပစ္တယ္။ ခရီးသည္တင္ကားေတြျဖစ္တဲ့ ရတနာတိုး၊ မႏၱလာမင္းနဲ႕ တြဲကားအပစ္ခံရတယ္။  တြဲကားဆရာပြဲခ်င္းၿပီး ဆုံးတယ္။ မႏၱလာမင္းကားဆရာ ထိတယ္ စိုးရိမ္ရတယ္။ ရတနာတိုးက ခရီးသည္ ၂ေယာက္ထိတယ္" ဟု ေဒသခံတစ္ဦးက ေျပာသည္။ 


"စစ္တပ္က ပစ္ၿပီး PDF က ပစ္သလို ပုံစံမ်ိဳး အကြက္ဆင္ပစ္တာဗ်။ PDF က ခရီးသည္တင္ကား ပစ္စရာလည္း အေၾကာင္းမရွိဘူး" ဟု PDF သတင္းရင္းျမစ္က ေျပာသည္။

Comments

Popular posts from this blog

မြ၀တီနှင့်ကော့ကရိတ်မြို့နယ်များသို့ ကူးစက်ပြီး စစ်တပ်ဘက်မှ ၅၀ နီးပါး သေဆုံးထိခိုက်ဒဏ်ရာရနိုင်

မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်း ပစ်ခတ်ခံရ