အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်


Unicode

 အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်


ရန်ကုန်၊ ဒီဇင်ဘာ ၂၄ 


ရန်ကုန်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို  ကာဒီနယ်ချားစ်ဘိုက လက်ခံတွေ့ဆုံမှုကို Independent Catholics For Justice in Myanmar (ICJM ) က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီး ဝမ်းနည်း စိတ်ပျက်ရကြောင်း ကြေညာချက် ထုတ်ပြန်သည်။ 


ဒီဇင်ဘာလ ၂၃ ရက်နေ့  ကာဒီနယ်ချားစ်ဘိုနှင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့တွေ့ဆုံခြင်းအပေါ်ကက်သလစ်ဘာသာဝင်များအနေ ဖြင့် အင်မတန်ထိတ်လန့်တုန်လှုပ် ဝမ်းနည်းစိတ်ပျက် ရကြောင်း၊  အဆိုပါတွေ့ဆုံမှုသည် မြန်မာပြည် ကက်သလစ် ဘာသာဝင်များအားလုံးနီးပါး၏ ဆန္ဒနှင့် ဆန့်ကျင်သည့်အတွက်ကြောင့် ဘာသာဝင်များကို ကိုယ်စားမပြုကြောင်း ကြေညာချက်တွင် ဖော်ပြသည်။


အကြမ်းဖက်စစ်ကောင်စီကို မည်သို့သော အကြောင်းပြချက်များအားဖြင့်ဖြစ်စေ အသိ အမှတ်ပြုနေသော ကာဒီနယ်ချားစ်ဘို နှင့်တကွ မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းကိုမဆို ICJM  အနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာသည်။


ယနေ့လုပ်ရပ်သည် အကြမ်းဖက်အာဏာသိမ်းချိန်ကာလမှစ၍ ယခုအချိန်အထိ မတရားသတ်ဖြတ်ဖမ်းဆီးခံခဲ့ရသူများနှင့်ဘုရားကျောင်းများ ဖျက်ဆီးခံခဲ့ရမှုအပေါ် မျက်နှာလွှဲကာ စော်ကားခြင်းဖြစ်သည်ဟု သတ်မှတ်ကြောင်း ICJM က ထုတ်ပြန်ပြောဆိုသည်။ 


ICJM သည် မတရားမှုကိုကျူးလွန်နေသောသူများနှင့်ပူးပေါင်းနေသူများကို ခြွင်းချက်မရှိ ဆန့်ကျင်ပြီး တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲဝင်နေကြသောသူများနှင့်အတူအမြဲ ရပ်တည်သွားမည်ဟု ထုတ်ပြန် ပြောဆိုထားသည်။ 


"မတရားသောသူတို့၏ တိုက်တွန်းခြင်း သို့ မလိုက်။  လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီ မဲ့မြင် ပြုသောသူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ်ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာရှိ၏။  မတရားသောသူတို့မူကား ထိုကဲ့သို့ မဟုတ်။ လေတိုက်၍ လွင့်သော ဖွဲနှင့်တူကြ၏။ ထို့ကြောင့် တရားဆုံး ဖြတ်တော်မူရာကာလ၌ မတရားသောသူတို့သည် မတည်မနေရကြ။ ဖြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ။ အကြောင်းမူကား ဖြောင့်မတ်သောသူတို့၏ လမ်းကို ထာဝရဘုရားသိကျွမ်းတော်မူ၏။ မတရားသော သူတို့၏လမ်းသည် ဆုံးရှုံးခြင်း သို့ ရောက်ရလိမ့်သတည်း။( ဆာလံ-၁)"ဟု ICJM က တွေ့ဆုံမှုကို ကျမ်းစာအကိုးအကားနှင့်တကွ ဝေဖန် ထုတ်ပြန်ထားသည်။


Zawgyi


အၾကမ္းဖက္ စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ကို လက္ခံေတြ႕ဆုံမႈ ကာဒီနယ္ခ်ားစ္ဘိုကို ICJM အသင္းေတာ္က ျပင္းျပင္း ထန္ထန္ရႈတ္ခ်၊ ေတြ႕ဆုံမႈသည္ ခရစ္ယန္ ကက္သလစ္ ဘာသာဝင္မ်ားကို ကိုယ္စားမျပဳဟုထုတ္ျပန္


ရန္ကုန္၊ ဒီဇင္ဘာ ၂၄ 


ရန္ကုန္တြင္ ဒီဇင္ဘာလ ၂၃ ရက္ေန႕ အၾကမ္းဖက္ ဖက္ဆစ္ စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ကို  ကာဒီနယ္ခ်ားစ္ဘိုက လက္ခံေတြ႕ဆုံမႈကို Independent Catholics For Justice in Myanmar (ICJM ) က ျပင္းျပင္းထန္ထန္ရႈတ္ခ်လိဳက္ၿပီး ဝမ္းနည္း စိတ္ပ်က္ရေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္သည္။ 


ဒီဇင္ဘာလ ၂၃ ရက္ေန႕  ကာဒီနယ္ခ်ားစ္ဘိုႏွင့္ အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ႏွင့္အဖြဲ႕ေတြ႕ဆုံျခင္းအေပၚကက္သလစ္ဘာသာဝင္မ်ားအေန ျဖင့္ အင္မတန္ထိတ္လန႔္တုန္လႈပ္ ဝမ္းနည္းစိတ္ပ်က္ ရေၾကာင္း၊  အဆိုပါေတြ႕ဆုံမႈသည္ ျမန္မာျပည္ ကက္သလစ္ ဘာသာဝင္မ်ားအားလုံးနီးပါး၏ ဆႏၵႏွင့္ ဆန႔္က်င္သည့္အတြက္ေၾကာင့္ ဘာသာဝင္မ်ားကို ကိုယ္စားမျပဳေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပသည္။


အၾကမ္းဖက္စစ္ေကာင္စီကို မည္သို႔ေသာ အေၾကာင္းျပခ်က္မ်ားအားျဖင့္ျဖစ္ေစ အသိ အမွတ္ျပဳေနေသာ ကာဒီနယ္ခ်ားစ္ဘို ႏွင့္တကြ မည္သည့္ပုဂၢိုလ္/အဖြဲ႕အစည္းကိုမဆို ICJM  အေနျဖင့္ ျပင္းထန္စြာ ရႈတ္ခ်ေၾကာင္း ေၾကညာသည္။


ယေန႕လုပ္ရပ္သည္ အၾကမ္းဖက္အာဏာသိမ္းခ်ိန္ကာလမွစ၍ ယခုအခ်ိန္အထိ မတရားသတ္ျဖတ္ဖမ္းဆီးခံခဲ့ရသူမ်ားႏွင့္ဘုရားေက်ာင္းမ်ား ဖ်က္ဆီးခံခဲ့ရမႈအေပၚ မ်က္ႏွာလႊဲကာ ေစာ္ကားျခင္းျဖစ္သည္ဟု သတ္မွတ္ေၾကာင္း ICJM က ထုတ္ျပန္ေျပာဆိုသည္။ 


ICJM သည္ မတရားမႈကိုက်ဴးလြန္ေနေသာသူမ်ားႏွင့္ပူးေပါင္းေနသူမ်ားကို ႁခြင္းခ်က္မရွိ ဆန႔္က်င္ၿပီး တရားမွ်တမႈအတြက္ ေတာ္လွန္တိုက္ပြဲဝင္ေနၾကေသာသူမ်ားႏွင့္အတူအၿမဲ ရပ္တည္သြားမည္ဟု ထုတ္ျပန္ ေျပာဆိုထားသည္။ 


"မတရားေသာသူတို႔၏ တိုက္တြန္းျခင္း သို႔ မလိုက္။  လူဆိုးတို႔၏ လမ္းတြင္မရပ္မေန၊ မထီ မဲ့ျမင္ ျပဳေသာသူတို႔၏ အစည္းအေဝး၌မထိုင္၊ ထာဝရဘုရား၏ တရားေတာ္၌ ေမြ႕ေလ်ာ္၍ တရားေတာ္ကို ေန႕ညဉ့္မျပတ္ဆင္ျခင္ ေအာက္ေမ့ေသာသူသည္ မဂၤလာရွိ၏။  မတရားေသာသူတို႔မူကား ထိုကဲ့သို႔ မဟုတ္။ ေလတိုက္၍ လြင့္ေသာ ဖြဲႏွင့္တူၾက၏။ ထို႔ေၾကာင့္ တရားဆုံး ျဖတ္ေတာ္မူရာကာလ၌ မတရားေသာသူတို႔သည္ မတည္မေနရၾက။ ေျဖာင့္မတ္ေသာသူတို႔၏ အေပါင္းအသင္းထဲသို႔ လူဆိုးတို႔သည္ မဝင္ရၾက။ အေၾကာင္းမူကား ေျဖာင့္မတ္ေသာသူတို႔၏ လမ္းကို ထာဝရဘုရားသိကြၽမ္းေတာ္မူ၏။ မတရားေသာ သူတို႔၏လမ္းသည္ ဆုံးရႈံးျခင္း သို႔ ေရာက္ရလိမ့္သတည္း။( ဆာလံ-၁)"ဟု ICJM က ေတြ႕ဆုံမႈကို က်မ္းစာအကိုးအကားႏွင့္တကြ ေဝဖန္ ထုတ္ျပန္ထားသည္။

Comments

Popular posts from this blog

မြ၀တီနှင့်ကော့ကရိတ်မြို့နယ်များသို့ ကူးစက်ပြီး စစ်တပ်ဘက်မှ ၅၀ နီးပါး သေဆုံးထိခိုက်ဒဏ်ရာရနိုင်

မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်း ပစ်ခတ်ခံရ

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ