လွိုင်ကော်အကျဉ်းထောင်အနီးရှိ ခရိုင်ရဲရုံးကို ကရင်နီ ၃ ဖွဲ့ ဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူများ

Unicode

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ကယား (ကရင်နီပြည်) လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ အကျဉ်းထောင်အနီးရှိ ခရိုင်ရဲရုံးကို ဒီဇင်ဘာလ ၂၉ ရက် ယနေ့ နံနက် ၃ မှ စတင်ကာ JPDF-Rangers၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF၊ GZ-21 ညီနောင် ၃ ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း JPDF က သတင်းထုတ်ပြန်သည်။

"ဝင်တိုက်တာက ကျနော်တို့ ညီနောင် ၃ ဖွဲ့က ဝင်တိုက်တာ၊ အပြန်အလှန်ပစ်တာကတော့ ၁၀ မိနစ်လောက်ပဲ ကြာတယ်၊ သူတို့ဘက်က ထိခိုက်ဒဏ်ရာရတဲ့သူများမယ်။ စစ်သား ၂ ယောက်သေတယ်ဆိုတာ ကျနော်တို့ အတည်ပြုလို့ရတယ်။ ကျနော်တို့ ဘက်က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်တယ်" ဟု JPDF ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဓါတ်ပုံ - JPDF-Rangers၊ KDF၊ GZ-21 တပ်ဖွဲ့ဝင်များ

Zawgyi

Comments

Popular posts from this blog

Click To Donate

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ