တရားရုံးက ပေးပို့လာသော အကြောင်း ကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်း၀ရမ်းနှင့်ဆင့်ခေါ်စာ လက်မခံရန် မင်းအောင်လှိုင် လျှို့ဝှက်ညွှန်ကြား


 Breaking News- ICC တရားရုံးနှင့် အာဂျင်တီးနားတရားရုံးက  ပေးပို့လာသော အကြောင်း ကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်း၀ရမ်းနှင့်ဆင့်ခေါ်စာ လက်မခံရန်  မင်းအောင်လှိုင် လျှို့ဝှက်ညွှန်ကြား


ရန်ကုန်၊ ဒီဇင်ဘာ ၂၉ 


မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များထံသို့  နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ၊ အာဂျင်တီးနား တရားရုံး အပါအဝင်  နိုင်ငံတကာအဖွဲ့အစည်းများက ပေးပို့လာသော အကြောင်းကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်း၀ရမ်းနှင့်ဆင့်ခေါ်စာများကို လုံး၀ လက်ခံခြင်း မပြုရန် မင်းအောင်လှိုင်က ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ 


စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်ကို နေပြည်တော်တရားလွှတ်တော်ချုပ်ထံသို့ ပေးပို့ထားပြီး တရားသူကြီးချုပ် ထွန်းထွန်းဦးကလည်း ၎င်း၏ တရားလွှတ်တော် ဝန်ထမ်းများကို ပြည်ပမှ ဝင်လာမည့် မည်သည့်စာကိုမှ လက်မခံရန် တစ်ဆင့်ထပ်မံ လျှို့ဝှက် ညွှန်ကြားကြောင်း သိရှိရသည်။ 


တရားလွှတ်တော် ဝန်ထမ်းများအနေဖြင့် ပြည်ပမှ ဝင်ရောက်လေ့ရှိသည့် DHL အပါအဝင် အမြန်ချောပို့နှင့်အခြားနည်းလမ်းများဖြင့် ပေးပို့လာသည့်စာများကို လက်ခံခြင်းမပြုရန် ညွှန်ကြားထားကြောင်း သိရှိရသည်။


လတ်တလော မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်အာဏာသိမ်းပြီးနောက် ပြည်သူများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှု ကျူး လွန်မှုများအတွက် မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC နှင့်အာဂျင်တီးနား တရားရုံးတို့တွင် တရားစွဲထားမှုများကို စတင်စစ်ဆေးနေပြီဖြစ်သည်။

Comments

Popular posts from this blog

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

Click To Donate

မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ