ရန်ကုန်လေဆိပ်အနီးတွင် ပေါက်ကွဲမှုဖြစ်ချိန် ဖြတ်သန်းသွားသူ မောင်အောင် သူကို စစ်တပ်က သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီ


 ရန်ကုန်လေဆိပ်အနီးတွင် ပေါက်ကွဲမှုဖြစ်ချိန် ဖြတ်သန်းသွားသူ မောင်အောင် သူကို စစ်တပ်က သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီး၊ ဒဏ်ရာဖြင့်  စစ်ကြောရေးသို့ ခေါ်ဆောင်သတ်ဖြတ်၊ နေအိမ်ကို ဝင်စီးသော်လည်း ဘာမှ မတွေ့၊ မောင်အောင်သူ PDF မဟုတ်ဟု မိတ်ဆွေများပြော


ရန်ကုန်၊ ဒီဇင်ဘာ ၂၂ 


ရန်ကုန်လေဆိပ်အနီးတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲ ဗုံးပေါက်ကွဲခဲ့ပြီး ထိုအချိန် အနီးအနားမှ ဖြတ်သွားခဲ့သူ မောင်အောင်သူကို စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ပေါင်တွင် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနောက် စစ်ကြောရေးသို့ ခေါ်ဆောင်ပြီး မောင်အောင်သူကို စစ်တပ်က သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။ 


"သူက ကျန်းမာရေးသိပ်မကောင်းဘူး။ နားလည်း မကြားဘူး။ အဲဒါ သူ့ဟာသူ ကျောပိုးအိတ်လေးလွယ်ပြီး နဲ့ ခရီးထွက်မယ်ဆိုပြီး ထွက်သွားတာ။ သူ့အမျိုးသမီးလည်းရှိတယ်။ သူ့အမျိုးသမီးကလည်း သူ့ အမေအိမ် ပြန်အိပ်တယ်။ သူကလည်း သူ့အမေအိမ်ပြန်အိပ်ပြီး မနက်အစော ထပြီး သွားတာသူက။ မနေ့ နံနက် ၁၁ နာရီ လောက်မှာ သူ့အိမ်ကို စစ်တပ်က ဝင်စီးပြီး လာစစ်တယ်။ ဘာမှ မတွေ့ဘူး။ပထမ သေနတ်နဲ့ပစ်တယ်။ ခြေထောက်မှာ ဒဏ်ရာရတယ်။ ပြီးတော့ စစ်ကြောရေးခေါ်ပြီး ပစ်သတ်တယ်။ နောက်အိမ်ကို သွားစစ်တယ်။ ဘာမှ မတွေ့ဘူး။ သူက PDF မဟုတ်ဘူး။ သူ့ဟာ ခပ်အေးအေးနေတဲ့လူငယ်ပါ" ဟု မိတ်ဆွေတစ်ဦးက ပြောသည်။ 


မောင်အောင်သူ၏ နာရေးကို ယနေ့  ညနေ ၃ နာရီတွင် စစ်တပ်က သဂြိုလ်မည်ဖြစ်ပြီး မိသားစုဝင် ၅ ဦး လာရောက်ရန် ပြောဆိုထားကြောင်း၊ အလောင်းကြည့်ခွင့်မပြုကြောင်း သိရှိရသည်။ 


"အခုက မစစ်ဆေး၊ မမေးမြန်းဘဲ ပစ်ခတ်သတ်ဖြတ်နေတာပဲ။ ဖောက်ရေးသမား တကယ် ဟုတ်လား၊ မဟုတ်လား မစစ်တော့ဘူး။ ပေါက်ကွဲမှုဖြစ်ရင် အနားကလူ ဖမ်းပြီး သတ်နေတဲ့ပုံစံ။ မည်းမည်းမြင်ရာ သတ်ဖြတ်နေတာပေါ့။ ဥပဒေ မရှိတော့ဘူး" ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

Comments

Popular posts from this blog

Click To Donate

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ