သင်္ဃန်းကျွန်းမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ စစ်တပ်က ဖမ်းဆီးသွားသည့် မောင်မင်းဟိန်းခန့် သတင်းအစအနမရဘဲ ပျောက်ဆုံးနေ


 သင်္ဃန်းကျွန်းမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ စစ်တပ်က ဖမ်းဆီးသွားသည့် မောင်မင်းဟိန်းခန့် သတင်းအစအနမရဘဲ  ပျောက်ဆုံးနေ


ရန်ကုန်၊ ဒီဇင်ဘာ ၂၁


ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ စစ်တပ်က ဖမ်း ဆီးသွားသည့် လူငယ်  ၁၃ ဦးအနက်မှ အသက် ၁၉ နှစ်အရွယ် မောင်မင်းဟိန်းခန့်သည် လက်ရှိအချိန်အထိ သတင်းအစအန မရရှိဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။


''ပါသွားတဲ့လူတွေအကုန်လုံး သက်ဆိုင်ရာစခန်းရောက်ပြီး အင်းစိန်ထောင်ရောက်နေကြပါပြီ။ စိတ်ပူနေလို့ပါ ရက်လည်းအရမ်းကြာနေပါပြီ သူသေသလားရှင်သလားတောင်မသိလို့ပါ'' ဟု မောင်မင်းဟိန်းခန့်၏ မိသားစုဝင် တစ်ဦးက ပြောဆိုသည်။


မောင်မင်းဟိန်းခန့်မှာ အသက် ၁၉ နှစ်အရွယ်ဖြစ်ပြီး ၎င်းနှင့်အတူ အဖမ်းဆီးခံရသူများ အသီးသီး အင်းစိန်ထောင်သို့ ရောက်ရှိပြီဖြစ်သော်လည်း မောင်မင်းဟိန်ခန့်တစ်ဦးသာ မည်သည့်နေရာတွင် ရောက်ရှိနေမှန်းမသိဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။ 


ဖမ်းဆီးခံရချိန်မှ စ၍ သက်ဆိုင်ရာ ရဲစခန်း၊ အင်းစိန်ထောင်နှင့် ရှေ့နေများဆီ စုံစမ်းသော်လည်း စုံစမ်း၍ မရကြောင်း၊ အင်းစိန်ထောင်သို့ မရောက်ရှိသေးဟု သာ ကြားသိရကြောင်း မောင်မင်းဟိန်းခန့်၏ မိသားစုဝင်က ပြောဆိုသည်။ 


အကြမ်းဖက် စစ်ကောင်စီသည် အာဏာသိမ်းပြီးသည့် အချိန်မှ စ၍ ပြည်သူများကို မတရား ဖမ်းဆီး သတ်ဖြတ်ခြင်းများ ကျူးလွန်နေကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Comments

Popular posts from this blog

Click To Donate

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ