သင်္ဃန်းကျွန်းမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ စစ်တပ်က ဖမ်းဆီးသွားသည့် မောင်မင်းဟိန်းခန့် သတင်းအစအနမရဘဲ ပျောက်ဆုံးနေ


 သင်္ဃန်းကျွန်းမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ စစ်တပ်က ဖမ်းဆီးသွားသည့် မောင်မင်းဟိန်းခန့် သတင်းအစအနမရဘဲ  ပျောက်ဆုံးနေ


ရန်ကုန်၊ ဒီဇင်ဘာ ၂၁


ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ စစ်တပ်က ဖမ်း ဆီးသွားသည့် လူငယ်  ၁၃ ဦးအနက်မှ အသက် ၁၉ နှစ်အရွယ် မောင်မင်းဟိန်းခန့်သည် လက်ရှိအချိန်အထိ သတင်းအစအန မရရှိဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။


''ပါသွားတဲ့လူတွေအကုန်လုံး သက်ဆိုင်ရာစခန်းရောက်ပြီး အင်းစိန်ထောင်ရောက်နေကြပါပြီ။ စိတ်ပူနေလို့ပါ ရက်လည်းအရမ်းကြာနေပါပြီ သူသေသလားရှင်သလားတောင်မသိလို့ပါ'' ဟု မောင်မင်းဟိန်းခန့်၏ မိသားစုဝင် တစ်ဦးက ပြောဆိုသည်။


မောင်မင်းဟိန်းခန့်မှာ အသက် ၁၉ နှစ်အရွယ်ဖြစ်ပြီး ၎င်းနှင့်အတူ အဖမ်းဆီးခံရသူများ အသီးသီး အင်းစိန်ထောင်သို့ ရောက်ရှိပြီဖြစ်သော်လည်း မောင်မင်းဟိန်ခန့်တစ်ဦးသာ မည်သည့်နေရာတွင် ရောက်ရှိနေမှန်းမသိဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။ 


ဖမ်းဆီးခံရချိန်မှ စ၍ သက်ဆိုင်ရာ ရဲစခန်း၊ အင်းစိန်ထောင်နှင့် ရှေ့နေများဆီ စုံစမ်းသော်လည်း စုံစမ်း၍ မရကြောင်း၊ အင်းစိန်ထောင်သို့ မရောက်ရှိသေးဟု သာ ကြားသိရကြောင်း မောင်မင်းဟိန်းခန့်၏ မိသားစုဝင်က ပြောဆိုသည်။ 


အကြမ်းဖက် စစ်ကောင်စီသည် အာဏာသိမ်းပြီးသည့် အချိန်မှ စ၍ ပြည်သူများကို မတရား ဖမ်းဆီး သတ်ဖြတ်ခြင်းများ ကျူးလွန်နေကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Comments

Popular posts from this blog

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ