မြိုင်မြို့တွင် စစ်ကောင်စီတပ်များ မိုင်းခွဲခံရပြီး ၂၃ ဦးသေဆုံး၊ သရက်ကန်ရဲစခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

 

မြိုင်မြို့တွင် စစ်ကောင်စီတပ်များ မိုင်းခွဲခံရပြီး ၂၃  ဦးသေဆုံး၊ သရက်ကန်ရဲစခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်


ရန်ကုန်၊ ဒီဇင်ဘာ ၂၂


မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်များကို Myaing PDF နှင့် ပေါက်နယ်မှ တိမ်လွှာအဖွဲ့တို့  မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၃ ဦးသေဆုံးကာ သရက်ကန်ရဲစခန်းကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း မြိုင် PDF က သတင်းထုတ်ပြန်သည်။ 


 ယမန်နေ့ ၂၁ ဒီဇင်ဘာ ၂၀၂၁ တွင် ပေါက်-မြိုင် နယ်စပ်တွင် စစ်ကောင်စီတပ်များနှင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊  ကမ်းပြိုလမ်းပိုင်းတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊  ပေါက်-ဇီးပြားလမ်းပိုင်းတွင် ဆိုင်ကယ် ၅ စီး ကား ၁ စီးဖြင့် လာသော စစ်ကောင်စီတပ်များကို မိုင်းဖြင့်တိုက်ခိုက်ရာ စစ်သား ၅  ဦးခန့် ​သေဆုံးပြီး ဆိုင်ကယ် ၅ စီး နှင့် ကျည် တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ 


အလားတူ   ရွာစင်လမ်း၊ ရထားလမ်းအနီး မိုင်းကွင်းထဲတွင် စစ်ကောင်စီ အင်အား ၁၀၀ ခန့်ကို မိုင်းဖြင့် တိုက်ခိုက်ရာ ၃ ဦးခန့် မြှောက်တက်သွားကာ  အများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။ 


ယမန်နေ့ ညနေပိုင်းတွင်လည်း နံနက်ပိုင်း မိုင်းဆွဲတိုက်ခိုက်သည့်ဇီးပြားလမ်းပိုင်းနေရာတွင် လက်ကျန်မိုင်းများကို ရှင်းလင်းနေသော စစ်ကောင်စီတပ်များကို ထပ်မံတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦး အပါအဝင် ၁၀ ဦးခန့်  သေဆုံးခဲ့ကြောင်း၊ စစ်အရာရှိသည် မိုင်းကိုထူးဆန်းသဖြင့် ကြည့်နေစဉ် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


အလားတူ  ယမန်နေ့ ညပိုင်းတွင်လည်း သရက်ကန် ရဲစခန်းသို့ ရှော့ဒုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်များသည် ယမန်နေ့က အသေအပျောက်များလွန်းသဖြင့်  ရဟတ်ယာဉ်ဖြင့် စစ်သားအင်အား ၁၀၀ ခန့် လာရောက်ချထားကြောင်း၊  နယ်မြေတွင်လည်း စစ်တပ်အင်အား ၁၀၀ ခန့် လာရောက်ပို့သွားကြောင်း သတင်းရရှိပါသည်။

Comments

Popular posts from this blog

Click To Donate

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ