ယင်းမာပင်တွင် စစ်ကောင်စီတပ်များနှင့် PDF ပူးပေါင်းတပ်များ အပြင်းအထန် တိုက်ပွဲဖြစ်ပွား၊ ပြည်သူထောင်ချီ ထွက်ပြေးနေရ


 ယင်းမာပင်တွင် စစ်ကောင်စီတပ်များနှင့် PDF ပူးပေါင်းတပ်များ  အပြင်းအထန် တိုက်ပွဲဖြစ်ပွား၊ ပြည်သူထောင်ချီ ထွက်ပြေးနေရ 


ရန်ကုန် ဒီဇင်ဘာ ၂၂


စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် နုံးကြီးကျေးရွာနဲ့မြို့ကြီးကျေးရွာကြားမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီနဲ့ ယင်းမာပင်ခရိုင်ပူးပေါင်း(PDF)တပ်ဖွဲ့တို့အကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီက မြေပြင်ကို သာလွန်အင်အားနဲ့ ခြေလျှင်ထိုးစစ်ဆင်လာတဲဲ့အတွက် နှစ်ဖက်ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့ကြတာပါ။


အဲဒီတိုက်ပွဲကြောင့် ယင်းမာပင်ခရိုင်ပူးပေါင်း(PDF)တပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်ကျဆုံးမှုမရှိခဲ့သလို ဒီကနေ့ အစောပိုင်းကနေ နေ့လည် ၁၂ နာရီအထိ  တိုက်ပွဲဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေ၊ RPG တွေ၊စက်သေနတ်မော်တာတွေ၊ ၆၀ စိန်ပြောင်းတွေ၊လက်နက်ငယ်တွေနဲ့ ကျေးရွာတွေဆီကို ဒလစပ်စတင်ပစ်ခဲ့တာဖြစ်ပါတယ်။


"ယင်းမာပင် မြို့ အနောက်ဘက် ရွာတွေမှာ စကစက လက်နတ်ကြီးနဲ့ အကြီးကျယ်ပစ်နေတယ်။ မနက် ၇နာရီ လောက်ကတည်းကနေ အခုထိ ပြည်သူတွေ ပြေးနေရပါတယ်။  ပြောင်းပြာ၊ လက်လုပ်၊ စားတော်ပင် မြို့ပေါ် အဲဒီရွာ တွေရော ပြေးနေရတာ။ စစ်တပ်က အင်အား လည်း များတယ် စစ်ကြောင်းကို နှစ်ကြောင်း သုံး ကြောင်းခွဲ လာ ကြတယ်။ စစ်ဘေးရှောင် ၂၀၀၀ လောက်ရှိမယ် ပြေးရတာ" ဟု ဒေသခံတစ်ဦးက ပြောပါတယ်။ 


ဓာတ်ပုံ- စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များ။

Comments

Popular posts from this blog

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ