ကရင်ပြည်နယ်၊ ကျုံဒိုးတွင် သတင်းမပို့ဘဲ ဖြတ်သန်းသွားလာသည့် ရဲပြောင်း ရွှေ့ ၁၂ ဦးကို KNDO က ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေး


 ကရင်ပြည်နယ်၊ ကျုံဒိုးတွင် သတင်းမပို့ဘဲ ဖြတ်သန်းသွားလာသည့် ရဲပြောင်း ရွှေ့ ၁၂ ဦးကို KNDO က ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေး


ရန်ကုန်၊ ဒီဇင်ဘာ ၂၁ 


ကရင်ပြည်နယ်၊  ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် အတွင်း သတင်းမပို့ အကြောင်း မကြားဘဲ ဖြတ်သန်းသွားလာခဲ့သည့် စကစ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၂ ဦးကို နယ်မြေလုံခြုံရေးတပ် KNDO တပ်ရင်း ၆ က ခေါ်ယူစစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

 

ယနေ့ မွန်းလွဲ  ၁ နာရီ ၃၀ ခန့်က ကေအဲန်ယူ ကျုံဒိုးမြို့နယ်အတွင်း ကြာအင်းဆိပ်ကြီး၊ဘုရားသုံးဆူ၊အဇင်း၊ကျိုက်ဒုံ၊တံခွန်တိုင် ရဲစခန်းတို့မှ ရဲအင်အား ၁၂ ဦးသည် လက်နက်အပြည့်အစုံဖြင့် ဖြတ်သန်းသွားလာခဲ့ပြီး နယ်မြေခံလုံခြုံရေးတပ်ဖြစ်သည့် KNDO ကို သတင်းမပို့ အကြောင်းမကြားဘဲ သွားလာခဲ့ခြင်းကြောင့်ခေါ်ယူ စစ်ဆေးခဲ့ပြီး ညနေ ၄ နာရီ ၁၅ တွင် ပြန်လွတ်ပေးခဲ့ကြောင်း 𝕂𝕝𝕠 FM - 𝕴𝖓𝖋𝖔𝖙𝖆𝖎𝖓𝖒𝖊𝖓𝖙က သတင်းဖော်ပြသည်။ 


"ပြန်လွှတ်ပေးလိုက်ပြီ။ စခန်းတာဝန်ကျ ရဲပြောင်းရွှေ့တွေလို့ပြောတယ်။ စစ်ကြောင်းနဲ့ပါတာမဟုတ်ဘူး။ အထက်ကလည်း လွှတ်ပေးလိုက်ဖို့ မှာတယ်လို့ ပြောတယ်" ဟု ကရင်သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 


ဓာတ်ပုံ- ဒီဇင်ဘာလ ၁၆ ရက်နေ့ ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးနှင့် BGF ၂ ဦး ကို ဖမ်းဆီးစဉ်က ပုံဖြစ်ပါသည်။ အဆိုပါ စစ်သုံ့ပန်း ၈ ဦးကို KNU ကောင်းမွန်စွာ စောင့်ရှောက်ထားသည်။

Comments

Popular posts from this blog

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ