Update News-ဒဂုံဆိပ်ကမ်းရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ ဗုံးလက်နက်ဖြင့်ပစ်ခတ်မှု ရဲ ၃ ဦးသေဆုံးဟုဆို
Update News-ဒဂုံဆိပ်ကမ်းရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ ဗုံးလက်နက်ဖြင့်ပစ်ခတ်မှု ရဲ ၃ ဦးသေဆုံးဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းရဲစခန်းကို ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင် PDF ပူးပေါင်းတပ်ဖွဲ့က ဗုံးလက်နက်ဖြင့် ပစ်ခတ်မှုကြောင့် ရဲ ၃ ဦးသေဆုံးသွားကြောင်း PDF ပူးပေါင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ နံနက် ၅နာရီ ၄၅မိန်အချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူး လမ်းမကြီး ပေါ်ရှိ ဒဂုံဆိပ်ကမ်းရဲစခန်းကို Area 21 ၏ မိတ်ဘက်ညီနောင်များဖြစ်သော မိမိတို့ CGF HTY နှင့် Yangon Federal Army - YFA တို့ ပူးပေါင်းကာ M79 40 mm ဗုံးသီး ၂ လုံး ပစ်ခတ် ခဲ့ပြီး ရဲ ၃ ယောက် သေဆုံးပြီး ထိခိုက်မှု များကြောင်း၊ PDF ရဲဘော်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုသည် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ၏ပျံလွှာအောင် စစ်ဆင်ရေးတစိတ်တပိုင်း ဖြစ်ပြီး စစ်အာဏာရှင်အား အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း CGF HTY က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ဒဂုံဆိပ်ကမ်းရဲစခန်း။ Photo Credit- People Media
Comments
Post a Comment