ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ

 

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့  လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ


ဒီဇင်ဘာ ၂၂-၂၀၂၁

GH ( VOM )


ဖားကန့်မြို့၊ မှော်စီစာ ကျေးရွာအနီး၊ သာယာကျေးရွာက ကုမ္ပဏီလုပ်ကွက်‌တခုမှာ မြေစာပုံပြိုကျလို့ လူပေါင်း ၁၀၀ ကျော်လောက် ပျောက်ဆုံးမှု ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ပရဟိတအသင်းတခုဆီက သိရပါတယ်။


ပျောက်ဆုံးတဲ့ လူပေါင်း ၁၀၀ ထဲမှာ ရေမဆေးကျောက်ရှာဖွေသူတွေ ၊ စျေးရောင်းချသူတွေ ပါဝင်ကြောင်း ကနဦးသတင်းအချက်အလက်တွေအရ သိရပါတယ်။


" ဟုတ်တယ် အခုသွားမလို့ ၊မြေစာပုံပြိုကျတာ ကနဦးသိရှိချက်အရ လူ ၁၀၀ ကျော်လောက်လို့သိရတယ်။အခုသွားဖို့လူစုနေတာပါ ၊"လို့ ကယ်ဆယ်ရေးသွားမယ့် သုခဒါယီအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။


လက်ရှိမှာ မြေစာပုံပြိုကျရာကိုရောက်ရှိနေတဲ့ ပရဟိတအဖွဲ့တွေနဲ့တာဝန်ရှိသူတွေက ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေကြတယ်လို့သိရပါတယ်။


ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ခွင့်ခွင့်ပိတ်ထားပေမယ့် ဒေသခံတွေအနေနဲ့က ကျောက်စိမ်းရှာဖွေတဲ့အလုပ်ကိုသာ အဓိကလုပ်ကိုင်ရတာကြောင့် ရေမဆေးကျောက်ရှာဖွေနေကြရတာဖြစ်တယ်လို့ သိရပါတယ်။ 


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း ဖားကန့်မြို့၊ကျောက်စိမ်းလုပ်ကွက်မှာ မြေစာပုံပြိုကျလို့  ရေမဆေးကျောက်ရှာဖွေသမား ၁၀ ဦးထက်မနည်း  ပျောက်ဆုံးမှုရှိခဲ့ပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း ကချင်ပြည်နယ်၊ ဖားကန့် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ ဝှေခါကျောက်စိမ်းမှော်မှာ မြေပြိုပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ကျောက်ရှာဖွေသူ ၊ကားသမား အပါအဝင် သေဆုံးသူ ၁၆၀ ကျော် အထိရှိခဲ့ပြီး  ဒဏ်ရာရသူ ၇၀ ကျော်ရှိခဲ့ပါတယ်။


#voiceofmyanmar #VOM #ဖားကန့် #မြေစာပုံပြိုကျ #လူတရာကျော်ပျောက်ဆုံးနေ

ပုံစာ - ဒီဇင်ဘာ၁၉ ရက်နေ့က မြေစာပုံပြိုကျမှုကို ကယ်ဆယ်ရေးလုပ်နေတဲ့မြင်ကွင်း

Comments

Popular posts from this blog

Click To Donate

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ