မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်း ပစ်ခတ်ခံရ


 မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်း ပစ်ခတ်ခံရ

 

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ 


စစ်ကိုင်းတိုင်းမြို့တော်မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းကို ယနေ့ညနေ ၃ နာရီဝန်းကျင်တွင်  လက်နက်ဖြင့် ပစ်ခတ်ခံရကြောင်းကနဦးသိရှိရသည်။ 


အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းတွင် ယမ်းငွေ့များ ထနေပြီး လက်နက်ကြီးကျည်ပါ ကျရောက်ကြောင်း ဒေသခံတချို့က ဆိုသည်။ 


ပစ်ခတ်မှုကြောင့် အထိအခိုက်အကျအဆုံးအခြေအနေ သတင်းကိုမူ မရရှိသေးပေ။ 


လက်ရှိတွင် စစ်တပ်က ပိတ်ဆို့ပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။


ဓာတ်ပုံ- အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် နမခတိုင်း တံဆိပ်။


(RNA သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

Comments

Popular posts from this blog

Click To Donate

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ