ကော့ကရိတ်တွင် KNLA နှင့် စစ်တပ်တို့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဖက်က တပ်ခွဲမှူးအပါအဝင် ၇ ဦးသေဆုံး
ကော့ကရိတ်တွင် KNLA နှင့် စစ်တပ်တို့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဖက်က တပ်ခွဲမှူးအပါအဝင် ၇ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် KNLAတပ်မဟာ (၆)နယ်မြေတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့က KNLA နှင့် စစ်တပ်တို့ တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ တပ်ခွဲမှူးအပါအဝင် ၇ ဦးသေဆုံးပြီး ၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။
ပထမအကြိမ်ထိတွေ့တိုက်ပွဲသည် နံနက် ၁၁ နာရီတွင်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ခမရ (၂၀၁)နှင့် ခမရ (၃၀၁)ပူပေါင်းတပ်ဖွဲ့နှင့် KNLA တပ်ရင်း (၁၈)နှင့် တပ်ရင်း (၂၇)ပူးပေါင်းတပ်တို့ အာရှလမ်းမကြီးဘေး ကော့နွဲကျေးရွာ တံတားထိပ်တွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကာ စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ တပ်ခွဲမှူးအပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲသည် မွန်းလွဲ ၁ နာရီခန့်တွင် အာရှလမ်းမကြီးဘေး ကော့နွဲကျေးရွာ တံတားထိပ်၌ပင် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ခွဲမှူး ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာထပ်မံ ရရှိခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။
Comments
Post a Comment