မယ်ထော်သလေးတွင် KNLA နှင့် စစ်တပ် ပစ်ခတ်မှုများစတင်ဖြစ်၊ စစ်ကောင်စီတပ်ဘက်မှ BGF နယ်ခြားစောင့်များ ပူးပေါင်းပါဝင်လာ


 


မယ်ထော်သလေးတွင် KNLA နှင့် စစ်တပ် ပစ်ခတ်မှုများစတင်ဖြစ်၊ စစ်ကောင်စီတပ်ဘက်မှ BGF နယ်ခြားစောင့်များ ပူးပေါင်းပါဝင်လာ


ရန်ကုန်၊ ဒီဇင်ဘာ ၁၆ 


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မယ်ထော်သလေးတွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ်နှင့် KNLA တပ်များအကြား ပစ်ခတ်မှုများ စတင်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ BGF များ ပါဝင်လာကြောင်း ဒေသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 


"မေတ္တာလင်းမြိုင်မှာ စစ်ကား ၁၀ စီးရောက်နေတယ်။ လေ့ကေ့နားမှာ  စစ်သား ၃၀လောက်ရှိတယ်...ထပ်ဆိုင်ဖို့ပြင်နေတယ်။မယ်ထော်သလေး ဘက်မှာတော့ ပစ်နေတယ် အသံ ၂ ချက်လောက်ကြားလိုက်ရတယ်။ ဗယ်ဟီးကလော်နဲ့ မယ်ထော်သလေး ဘက်မှာ ထိတွေ့မှုစပြီ။ BGF ပါလာပြီ။ စစ်တပ်နဲ့ BGF ပေါင်း ၁၅၀ အင်အားရှိတယ်။ စစ်တပ်နဲ့ BGF က အဲဒီဘက်ကနေ အင်အား ၁၅၀ နဲ့ ဝင်ဖို့လုပ်နေတာ။ လေးကေ့ကော် ၃ ရပ်ကွက်ဘက်မှာ စစ်သားတွေရှိနေတုန်းပဲ။ အိမ်တွေထဲ ဝင်နေတယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။ 


လက်ရှိတွင်မူ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်သူ ၂၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

Comments

Popular posts from this blog

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ