မယ်ထော်သလေးတွင် KNLA နှင့် စစ်တပ် ပစ်ခတ်မှုများစတင်ဖြစ်၊ စစ်ကောင်စီတပ်ဘက်မှ BGF နယ်ခြားစောင့်များ ပူးပေါင်းပါဝင်လာ


 


မယ်ထော်သလေးတွင် KNLA နှင့် စစ်တပ် ပစ်ခတ်မှုများစတင်ဖြစ်၊ စစ်ကောင်စီတပ်ဘက်မှ BGF နယ်ခြားစောင့်များ ပူးပေါင်းပါဝင်လာ


ရန်ကုန်၊ ဒီဇင်ဘာ ၁၆ 


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မယ်ထော်သလေးတွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ်နှင့် KNLA တပ်များအကြား ပစ်ခတ်မှုများ စတင်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ BGF များ ပါဝင်လာကြောင်း ဒေသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 


"မေတ္တာလင်းမြိုင်မှာ စစ်ကား ၁၀ စီးရောက်နေတယ်။ လေ့ကေ့နားမှာ  စစ်သား ၃၀လောက်ရှိတယ်...ထပ်ဆိုင်ဖို့ပြင်နေတယ်။မယ်ထော်သလေး ဘက်မှာတော့ ပစ်နေတယ် အသံ ၂ ချက်လောက်ကြားလိုက်ရတယ်။ ဗယ်ဟီးကလော်နဲ့ မယ်ထော်သလေး ဘက်မှာ ထိတွေ့မှုစပြီ။ BGF ပါလာပြီ။ စစ်တပ်နဲ့ BGF ပေါင်း ၁၅၀ အင်အားရှိတယ်။ စစ်တပ်နဲ့ BGF က အဲဒီဘက်ကနေ အင်အား ၁၅၀ နဲ့ ဝင်ဖို့လုပ်နေတာ။ လေးကေ့ကော် ၃ ရပ်ကွက်ဘက်မှာ စစ်သားတွေရှိနေတုန်းပဲ။ အိမ်တွေထဲ ဝင်နေတယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။ 


လက်ရှိတွင်မူ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်သူ ၂၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

Comments

Popular posts from this blog

Click To Donate

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ