PDF ပူးပေါင်းတပ်ကြား ကြိုကြားတိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာပြင်းထန်


 ချင်း-မကွေးအစပ်တွင် စစ်ကောင်စီတပ်နှင့် CDF၊ ကျောက်ထု PDF ပူးပေါင်းတပ်ကြား ကြိုကြားတိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာပြင်းထန်


ရန်ကုန်၊ ဒီဇင်ဘာ ၂၁


ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF မင်းတပ်၊ ကျောက်ထု PDF ပူးပေါင်းတပ်ဖွဲ့များကြား လွန်ခဲ့တဲ့ ၅ ရက်အတွင်း တိုက်ပွဲများ ကြိုကြားဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရပြီး CDF တပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း CDF မင်းတပ် ထံမှ သိရှိရသည်။


"ရှစ်မွေးရွာမှာ တစ်ရက်က တိုက်ပွဲဖြစ်တော့ စကစ ၁ ဦး ကျဆုံးတယ်၊ မနေ့က ညနေတိုက်ပွဲမှာတော့ နှစ်ဖက် အကျအဆုံးမရှိဘူး၊ ဒီမနက်တိုက်ပွဲမှာ စကစ ၁ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာပြင်းထန်တယ်၊ CDF မင်းတပ် တပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ် ဒဏ်ရာရတယ်" ဟု CDF မင်းတပ် ပြောခွင့်ရ ကိုယောမန်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။


ထီးလင်းမြို့နယ်မှတဆင့် နယ်မြေရှင်းလင်းရေးလုပ်ရန် မင်းတပ်မြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး CDF မင်းတပ်၊ ကျောက်ထု PDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။


အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကြောင်းချီတက်ရာတွင် ယခင်လို ကားလမ်းကြောင်းအတိုင်းမသွားတော့ဘဲ တောတောင်များဖြတ်ကျော်ကာ ကွေ့ပတ်သွားနေခြင်းကြောင့် တိုက်ပွဲလိုက်လံဖော်ဆောင်ရတာ အခက်အခဲရှိကြောင်း CDF မင်းတပ်ထံမှ သိရှိရသည်။


"သူတို့တွေက တောထဲတိုးတယ်၊ လျှောက်သွားတယ်၊ ပြန်ပေါ်လာတယ်ဆိုတော့ လိုက်ရှာပြီး တိုက်ပွဲဖော်ဆောင်ရတာ ခက်တာပေါ့။ အဲလိုဆိုတော့ စောင့်ဆိုင်းတယ်၊ ပြောက်ကျားဝင်တိုက်တယ် အဲလိုမျိုးပဲ ဖြစ်နေတယ်" ဟု ကိုယောမန်က ဆိုသည်။


လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို CDF မင်းတပ်က ပြောက်ကျားတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း၊ ညဘက် အလစ်ဝင်တိုက်ခြင်းများသာ ပြုလုပ်နေကြောင်း သိရှိရသည်။


ဓါတ်ပုံ - ဒီဇင်ဘာလ ၁၈ ရက်နေ့က ဘုရားစခန်းရွာတွင် ဝင်ရောက်တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ

Comments

Popular posts from this blog

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ