ကော့နွဲ့ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်သား ၁၀၀ ခန့် နယ်မြေကျူးကျော်ဝင်ရောက်လာဟု KNU ထုတ်ပြန်၊ လှိုင်းဘွဲ့ဘက်သို့လည်း စစ်ကား ၁၀ စီး တက်သွာ


 ကော့နွဲ့ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်သား ၁၀၀ ခန့် နယ်မြေကျူးကျော်ဝင်ရောက်လာဟု KNU ထုတ်ပြန်၊ လှိုင်းဘွဲ့ဘက်သို့လည်း စစ်ကား ၁၀ စီး တက်သွား


ရန်ကုန်၊ ဒီဇင်ဘာ ၂၂


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်သည် ယနေ့ နံနက် ၅ နာရီခွဲခန့်က နယ်မြေကျူးကျော်ဝင်ရောက်လာကြောင်း ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်သည်။


အဆိုပါ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအနီးတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီတပ်က တပ်စွဲထားရာ ရွှေကြက်မင်းဘုရားကုန်းမှတဆင့် လက်နက်ကြီး (၃၀) ချက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်းရှိ လေးကေ့ကော်ဒေသ၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များအတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်မှာ ရသတ္တပတ်ခန့် ကြာမြင့်နေပြီဖြစ်သည်။


အလားတူ ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် ဘားအံမှတဆင့် လှိုင်းဘွဲ့လမ်းဘက်သို့ အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၁၀ စီးခန့် တက်သွားကြောင်း ဒေသသတင်းရင်းမြစ် KO news တွင် ရေးသားထားသည်။


ဓါတ်ပုံ - လှိုင်းဘွဲဘက်သို့ ယနေ့ တက်သွားသော စစ်ကောင်စီ စစ်ကား ၁ စီး

 

photo credit - KO news

Comments

Popular posts from this blog

Click To Donate

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ