စစ်တပ်သား ၂၀ နီးပါး သေဆုံး၊ စစ်သား ၂၃ ဦး အရှင်ဖမ်းမိထား၊ ဒုဗိုလ်မှူးကြီးထင်လင်းဇော် အပါအဝင် စစ်သားများ ဒဏ်ရာရသူများပြား


 


လေးကေ့ကော်တွင် စစ်ကြောင်းမှူး စနိုက်ပါမိ၍ သေဆုံးမှု အပါအဝင် စစ်တပ်သား ၂၀ နီးပါး သေဆုံး၊ စစ်သား ၂၃ ဦး အရှင်ဖမ်းမိထား၊   ဒုဗိုလ်မှူးကြီးထင်လင်းဇော် အပါအဝင် စစ်သားများ ဒဏ်ရာရသူများပြား


ရန်ကုန်၊ ဒီဇင်ဘာ ၁၅ 


ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ လေးကေ့ကော်၊ ယနေ့တိုက်ပွဲတွင်  စစ်တပ်တပ်ရင်းမှူး စနိုက်ပါမိ၍ သေဆုံးမှု အပါအဝင်  စစ်တပ်ဘက်မှ ၂၀ နီးပါးသေဆုံးပြီး ၂၃ ဦးအရှင်ဖမ်းမိကြောင်း လေးကေ့ကော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။


"တိုက်ပွဲကတော့ ပစ်ခတ်မှုတွေကတော့ ရပ်သွားပါပြီ။ ဒီနေ့တစ်နေ့လုံး စစ်ခွေးတွေဘက်က သေတာ ၂၀နီးပါးရှိပါတယ်။ ဘယ်အဆင့်တွေဆိုတာတော့ အတည်ပြုဖို့ခက်ပါတယ်။ အရာရှိတွေလည်းပါတယ်။ အရှင် ၂၃ယောက်မိပါတယ်။ အဲဒါကတော့ သေချာပါတယ်" ဟု လေးကေ့ကော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 


လေးကေ့ကော်တိုက်ပွဲထဲတွင် ရှိနေသည့် ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ကလည်း စစ်တပ်စစ်ကြောင်းမှူး၊ တပ်ရင်းမှူး စနိုက်ပါမိ၍ သေဆုံးသွားကြောင်း အတည်ပြုပြောဆိုသည်။ 


"ဒုဗိုလ်မှုးကြီး ထင်လင်းဇော် ပေါင်ဒဏ်ရာရတယ်။ စစ်တပ် စစ်ကြောင်းမှုးသေပါတယ်။ စစ်ကြောင်းမှုး နာမည်မသိသေးဘူး" ဟု သတင်းရင်းမြစ်က ပြောဆိုသည်။ 


အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာလမ်းခွ၊ ထီးမင်္ဂလာကျောင်းအနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် KNLA တပ်မဟာ ၁ တပ်ရင်း ၂ တပ်ဖွဲ့နှင့် သထုံပြည်သူ့ပြောက်ကျားများ TPG၊ သထုံကာကွယ်ရေးတပ်ဖွဲ့ TDO၊ မွန်သထုံအထူးကာကွယ်ရေးတပ်ဖွဲဲ့ MTHSF၊ သထုံမြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာပြင်းထန်ကြောင်း သထုံပြည်သူ့ပြောက်ကျားများတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။


အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ KNLA နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရှိရသည်။


ဓာတ်ပုံ- KNU တပ်ဖွဲ့ဝင်များ။ Photo Credit - Getty Image

Comments

Popular posts from this blog

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ