လေးကေ့ကော်တိုက်ပွဲအတွင်း စစ်ဘေးရှောင် ၂၀၀၀ နီးပါးနှင့် ပိတ်မိနေသူ ပြည်သူ ၅၀၀ ခန့်ရှိ


 


လေးကေ့ကော်တိုက်ပွဲအတွင်း စစ်ဘေးရှောင် ၂၀၀၀ နီးပါးနှင့် ပိတ်မိနေသူ ပြည်သူ ၅၀၀ ခန့်ရှိ


ရန်ကုန်၊ ဒီဇင်ဘာ ၁၆ 


ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်တိုက်ပွဲကြောင့် စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ နီးပါး ရှိနေပြီး လေးကေ့ကော်မြို့အတွင်း ပိတ်မိနေသူ ပြည်သူ ၅၀၀ ခန့်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ 


ယမန်နေ့ နံနက်ပိုင်း ၁၁ နာရီမှစတင်သော တိုက်ပွဲကြောင့် စစ်ဘေးရှောင် ပြည်သူများ ရှိနေပြီး လက်ရှိတွင် စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ နီးပါး ရှိကြောင်း၊ လေးကေ့ကော်မြို့အတွင်းရှိ ရပ်ကွက်များတွင်လည်း ပိတ်မိနေသူ 

ပြည်သူ ၅၀၀ ကျော်ရှိကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။ 


"ရွာတွေဘက်မှာ စစ်ဘေးရှောင် ၁၃၀၀ လောက်ရှိတယ်။ သူတို့ကို ၄ နေရာ ခွဲထားတယ်။ စာသင်ကျောင်း ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းပေါ့။ ဒါ့အပြင် ဒီမနက်  အခြားရွာစာသင်ကျောင်းမှာလည်း စစ်ဘေးရှောင် ၅၀၀ လောက် ရှိတယ်။  လေးကေ့ကော်မြို့ထဲမှာလည်း ပိတ်မိနေတဲ့ ပြည်သူ  ၅၀၀ လောက် ရှိနေပါတယ်" ဟု ဒေသသတင်းရင်းမြစ်ကဆိုသည်။

Comments

Popular posts from this blog

Click To Donate

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ