ဒီမိုဘောင်ကျယ်ဖို့ ရင်းနေကြတဲ့ နိုင်ငံ့အနာဂတ် (ဆောင်းပါး)
ဒီမိုဘောင်ကျယ်ဖို့ ရင်းနေကြတဲ့ နိုင်ငံ့အနာဂတ် (ဆောင်းပါး)
===========
ဒီကနေ့ နိုင်ငံ့လမ်းမထက်က “အသံလည်း မတိတ်၊ အလံလည်း မလိပ်ဘူး" ဆိုတဲ့ ကြွေးကြော်သံတွေဟာ အာဏာသိမ်းပြီး ၁၁ လကြာတဲ့အထိ မဆဲခဲ့ပါဘူး။ ဒါ ဘာကြောင့်ပါလဲ။ တစ်ခုတည်းပါ။ နိုင်ငံရေးစကားအရ ပြောရရင် စစ်ဘောင်ကျဉ်းသထက် ကျဉ်းလာပြီး ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဘောင် ချဲ့နေတာ၊ စစ်အုပ်စုလက်နက်အောက် ရောက်နေတဲ့ ဓမ္မတရားကို ပြန်တိုက်ယူနေကြတာ ဖြစ်ပါတယ်။ လက်နက်မကိုင်ဘဲ ငြိမ်းချမ်းရေးတရားကို လက်ကိုင်ထားတဲ့ သပိတ်အင်အားစုကြီးဟာ လက်နက်နဲ့ ရမ်းကားနေတဲ့ လူမဆန်တဲ့ စစ်အုပ်စုကြောင့် အထိအနာ ရှိနိုင်တယ်ဆိုတာကို မသိဘူး မဟုတ်ပါဘူး။ သို့သော် အဓမ္မတွေ ကြီးစိုးနေတာကို ငြိမ်မခံဘူး၊ ဆန္ဒပြမှုတွေ တန့်မသွားဘူးဆိုတာကို အသက်နဲ့ရင်းပြီး ဆန္ဒပြ သက်သေထူနေကြတာ ဖြစ်ပါတယ်။တော်လှန်ရေးကြီးအတွင်း စစ်အုပ်စု ရမ်းကားသတ်ဖြတ်နေမှုကို ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ နိုင်ငံသိ၊ ကမ္ဘာသိအောင် အ သက်တွေ၊ ခန္ဓာတွေ စတေးပြီး ပြနေတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် စစ်ဘောင်ကျယ်လာပြီး စစ်အုပ်စု အားသာသွားမှာကို ဒီမို ကရေစီဘောင် ကျယ်သထက် ကျယ်အောင် ချဲ့နေကြတာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ လက်နက်နဲ့ ဖိနှိပ်မှုအောက်မှာ ငြိမ်သက်နေလို့ မဖြစ်ဘူး၊ စစ်ကျွန်မခံဘူးဆိုတာကို နိုင်ငံ့အနာဂတ်အတွက် ကိုယ့်အနာဂတ်ရင်းပြီး လမ်းခင်းနေကြတာ ဖြစ်ပါတယ်။
Comments
Post a Comment