ထားဝယ်တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁ နှစ်စီချ


 ထားဝယ်တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁ နှစ်စီချ 
------------------------
ကိုရွှေမြိတ်

ထားဝယ် အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ် သုံးဦးကို ထောင်တွင်း တရားရုံးက ဒီဇင်ဘာလ ၉ ရက်တွင် ထောင်ဒဏ် တစ်နှစ်စီ ထပ်မံအမိန့် ချမှတ်လိုက်ကြောင်း ထားဝယ် နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) က ထုတ်ပြန်သည်။ 

အမိန့်ချမှတ် ခံရသူများမှာ ကိုသူရဇော်၊ ကိုစိုးသက်ဇော်နှင့် ကိုခန့်ညီညီသန့်တို့ ဖြစ်ပြီး ၎င်းတို့အား အာဏာသိမ်း စစ်ကောင်စီက မေလ ၂၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ကာ စစ်တပ်ကို အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသား အချို့ကို လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သော အောက်တိုဘာလ ၂၀ ရက်နေ့တွင် ၎င်းတို့  သုံးဦး ထောင်ဘူးဝ အထိ ရောက်ခဲ့သော်လည်း ၁၉ (စ) အမှုကျန်သည်ဟု ဆိုကာ  ထောင်ထဲ ပြန်ခေါ်သွားခဲ့ပြီး ယခုကဲ့သို့ ထောင်ဒဏ် တစ်နှစ်စီ ပြန်လည် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြစ်မဲ့ ပြည်သူများကို ပစ်ခတ် ဖမ်းဆီးပြီး ဆေးကုသခွင့် မပေးသည့် လုပ်ရပ်ကို ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (DPPN) က ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။





Comments

Popular posts from this blog

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

Click To Donate

မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ