ရန်ကုန်တွင်ကျောင်းသားများဦးဆောင်၍စစ်အာဏာရှင်တိုက်ဖျက်ချေမှုန်းရေး ချီတက်သပိတ်​မှောက်


 ရန်ကုန်တွင် ကျောင်းသားများဦးဆောင်၍ စစ်အာဏာရှင် တိုက်ဖျက်ချေမှုန်းရေး ချီတက် သပိတ်​မှောက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရန်ကုန်တွင် ​ကျောင်းသားများက ဦးဆောင်၍ ယ​နေ့ဒီဇင်ဘာလ ၁၁ ရက်​နေ့တွင် စစ်အာဏာရှင် တိုက်ဖျက်ချေမှုန်းရေး ချီတက် သပိတ်​မှောက်ကြသည်။

ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် လူထုအခြေပြုအထွေ ထွေသပိတ်ကော်မတီနှင့် ဗကသများအဖွဲ့ချုပ် ပူး ပေါင်း၍ ကြည့်မြင်တိုင် ပန်းပင်နီလမ်းတွင် ကျဆုံးသော အာဇာနည်များ၏ ရက်လည်အထိမ်းအမှတ်အဖြစ် ရန်ကုန်တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်ကြခြင်းသည်။

လူထုအခြေပြုအထွေထွေသပိတ်ကော်မတီနှင့် ဗကသများအဖွဲ့ချုပ်ဝင်သမဂ္ဂများဖြစ်သော အ.ထ.က(၂)အင်းစိန်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊အခြေခံ ပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊လှိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊ လှိုင်သာယာမြို့နယ်ကျောင်း သားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့် မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ '' အာဇာနည်တွေအတွက် ဒီနေ့ဟာ ရက်လည် ၊ အာဏာရှင်တွေအတွက် နေ့ရက်တိုင်းဟာ ရက်လည် '' ဟူသော ပိုစတာကိုင်စွဲကာ ဗကသအလံတော် ၊ အကသအလံတော်နှင့် လူထုလွတ် မြောက်ရေးအလံတော်နီများကိုင်စွဲလျက် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ချီတက်ကြခြင်းဖြစ်သည်။











Comments

Popular posts from this blog

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

Click To Donate

မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ