စစ်ကောင်စီတပ်တွေက တောင်ခြေဘက်မှာရှိတဲ့ KNLA စခန်းကုန်းတွေဘက်ကို တက်တာကနေ စပြီးတော့ တိုက်ပွဲစဖြစ်


 "စစ်ကောင်စီတပ်တွေက တောင်ခြေဘက်မှာရှိတဲ့ KNLA စခန်းကုန်းတွေဘက်ကို တက်တာကနေ စပြီးတော့ တိုက်ပွဲစဖြစ်တာ။ လေးကေ့ကော် နေရာတော် တော်များများ တိုက်ပွဲဖြစ်နေတယ်" 
လေးကေ့ကော်တိုက်ပွဲအတွင်းရောက်ရှိနေသူ စစ်ဘေးရှောင် ပြည်သူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်
By ရန်ကုန်ခေတ်သစ် 




ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်များက ယမန် နေ့မှ စတင်ပြီး ဝင်ရောက်စီးနင်းပြီးနောက် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် စတင်ပြီး တိုက်ပွဲဖြစ်ပွားနေပြီဖြစ်သည်။ တိုက်ပွဲအတွင်း ပိတ်မိနေသော စစ်ရှောင်ပြည်သူများရှိနေပြီး ရန်ကုန်ခေတ်သစ်သတင်း ဌာနက အဆိုပါ စစ်ရှောင်ပြည်သူတစ်ဦးကို တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားသည်။ 
မေး။        ။ လေးကေ့ကော်မှာ ဘယ်လို တိုက်ပွဲစဖြစ်တာပါလဲ။ 
ဖြေ။       ။ တိုက်ပွဲဖြစ်နေတာက လေးကေ့ကော် ၆ ရပ်ကွက် အနောက်ဘက်ပေါ့။ အဲဒီကနေ စစ်ကောင်စီတပ်တွေက တောင်ခြေဘက်မှာရှိတဲ့ KNLA စခန်းကုန်းတွေဘက်ကို တက်တာကနေ စပြီးတော့ တိုက်ပွဲစဖြစ်တာ။ အခုအချိန်အထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်။ 
မေး။     ။ အခုတိုက်ပွဲက ဘယ်နေရာတွေမှာဖြစ်နေလဲ။ 
ဖြေ။     ။ လေးကေ့ကော်ဗျူးပွိုင့် အမြှောက်ကုန်းက ပစ်တာနဲ့ ။ လေးကေ့ကော် တောင်ဘက်မှာရှိတဲ့ ရသေ့ဂူဆိုတဲ့နေရာနဲ့ အဲဒီဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ လေးကေ့ကော်ရေတံခွန်ဘက်ကိုလည်း အမြှောက်ကုန်းကနေ လက် နက်ကြီးတွေနဲ့ ဖြစ်နေတယ်။  တိုက်ပွဲက လေးကေ့ကော်နေရာတော် တော် များများမှာ ဖြစ်နေတယ်။

Comments

Popular posts from this blog

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

Click To Donate

မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ