လေးကေ့ကော်တိုက်ပွဲ ပြန်လည်ငြိမ်သက်သွား၊ အနီးအနားဝန်းကျင် ကျေးရွာများအားလုံး စစ်ရှောင်ကြပြီ


 လေးကေ့ကော်တိုက်ပွဲ ပြန်လည်ငြိမ်သက်သွား၊ အနီးအနားဝန်းကျင် ကျေးရွာများအားလုံး စစ်ရှောင်ကြပြီ


ရန်ကုန်၊ ဒီဇင်ဘာ ၁၅ 


ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ လေးကေ့ကော်မြို့သစ်ကို အကြမ်းဖက် လူသတ် စစ်ကောင်စီတပ်များက ယမန်နေ့မှ စတင်ဝင်ရောက်ပြီးနောက် တိုက်ပွဲများ ယနေ့ နံနက် ၁၁ နာရီ၁၅ မိနစ်စတင်ဖြစ်ပွားခဲ့သည်။ 


ယခုအခါ တို


က်ပွဲများ ပြန်လည် ငြိမ်သက်သွားပြီဖြစ်ပြီး အနီးအနားဝန်းကျင် ကျေးရွာများမှ ပြည်သူများအားလုံး စစ်ရှောင်နေကြရပြီဖြစ်သည်။ 


ရန်ကုန်ခေတ်သစ်က စစ်ဖြစ်ပွားအခြေအနေကို မြေပုံနှင့် လက်လှမ်းမှီသမျှ တင်ပြလိုက်ရပါသည်။


လေးကေ့ကော်မြို့ တောင်ဘက် ၁ မိုင်ခွဲခန့်အကွာရှိ အမြှောက်ကုန်းမှာ စစ်ကောင်စီတပ်သည် လေ့ကေ့ကော်မြို့တွင်းနှင့် အနီးဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။


အကြမ်းဖက်စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကျည်ဆံများသည် လေးကေ့ကော်မြို့သစ် ၃ ရပ်ကွက်နှင့် ၆ ရပ်ကွက်အတွင်းသို့ အနည်းဆုံး ၃ ကြိမ်ခန့် ကျရောက် ပေါက်ကွဲခဲ့သည်။


အကြမ်းဖက်စစ်ကောင်စီ အခြေချထားသည့် အမြှောက်ကုန်းမှ တောင်ဘက်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေသောကြောင့် ဗဲဟီးကလော်၊ မဲဝါခီး၊ ရသေ့ဂူ ကျေးရွာများမှ ရွာသားများကို ဖလူးကျေးရွာဘက်သို့ ပြောင်းရွှေ့နေကြသည်။

Comments

Popular posts from this blog

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

Click To Donate

မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ