စစ်မှုထမ်းဟောင်းအဖွဲ့၊ ကပစရုံး၊ စစ်ထောက်ချုပ်ရုံးတို့ကို အမေရိကန်၊ ကနေဒါနှင့်ဗြိတိန်တို့က ပိတ်ဆို့ အရေးယူ


 မင်းအောင်လှိုင်ခန့် ဝန်ကြီးချုပ် ၄ ဦး၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ကပစရုံး၊ စစ်ထောက်ချုပ်ရုံးတို့ကို အမေရိကန်၊ ကနေဒါနှင့်ဗြိတိန်တို့က ပိတ်ဆို့ အရေးယူ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

မင်းအောင်လှိုင်ခန့်ထားသည့် ဝန်ကြီးချုပ် ၄ ဦး၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ကပစရုံး၊ စစ်ထောက်ချုပ်ရုံးတို့ကို အမေရိကန်၊ ကနေဒါနှင့်ဗြိတိန်တို့က ပိတ်ဆို့ အရေးယူမှု ချမှတ်လိုက်ကြောင်း သိရှိရသည်။

စစ်ကောင်စီက ခန့်ထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကရင် ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကိုနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့်အရေးယူလိုက်ကြောင်း ဒီဇင်ဘာလ ၁၀ ရက်တွင် ကြေ ညာသည်။

ထို့ပြင်  ကပစ - ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံး၊ စစ်မှုထမ်းဟောင်းအဖွဲ့တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူသည့် အဖွဲ့အစည်းစာရင်းမှာ ထည့်သွင်းလိုက်ခြင်းဖြစ်သည်။ 

မြန်မာ ပြည်သူများ အပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် အလွဲသုံးစားပြုမှုများတွင် ပါဝင်ပတ်သက်နေသည့် စစ်တပ်ပိုင် အဖွဲ့အစည်း ၄ခုကို အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံတို့နှင့် UK အစိုးရက အရေးယူပိတ်ဆို့မှု အသစ်များ ထပ်မံချမှတ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။  

ထို အရေးယူပိတ်ဆို့ခံရသော စစ်တပ်ပိုင် အဖွဲ့အစည်း ၄ခုဖြစ်သည့် စစ်ထောက်ချုပ်ရုံး၊ နိုင်ငံပိုင် လုပ်ငန်းဖြစ်သည့် ကာကွယ်ရေးပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးနှင့် မြန်မာစစ်တပ်အတွက် အရန်အင်အားတစ်ခုဖြစ်သော မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့တို့သည် စစ်တပ်၏ ထောက်ပံ့ရေးကွင်းဆက်အဖြစ် အဓိကကျသောအစိတ်အပိုင်းတစ်ခုဖြစ်ကာ အရပ်သား ပြည်သူလူထုအပေါ်  ဆက်လက်ဖိနှိပ်နေမှုကို ပံ့ပိုးပေးနေသကဲ့သို့ ဖြစ်စေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“မြန်မာစစ်အာဏာရှင်က ပြည်သူလူထူရဲ့ ဒီမိုကရေစီ ဆန္ဒကို ချိူးဖျက်တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို မတရားဖမ်းဆီးတာတွေနဲ့  သူတို့နဲ့ထိပ်တိုက်ရင်ဆိုင်လာသူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေဆက်ရှိနေပါတယ်။ ယူကေအစိုးရနဲ့ မိတ်ဖက်နိုင်ငံတွေက ဒီဖြစ်ရပ်တွေကို မျက်ကွယ်ပြုထားမှာမဟုတ်ပါ။ ဒီလိုမျိုး အလွန်ဆိုးရွားပြင်းထန်တဲ့ လုပ်ရပ်တွေကို ပံ့ပိုးပေးတဲ့ အရင်းအမြစ်တွေဆီ စစ်တပ်က လက်လှမ်းမှီမရောက်ရှိနိုင်စေဖို့ ကျွန်မတို့ အတတ်နိုင်ဆုံး ချမှတ်လုပ်ဆောင်သွားမှာဖြစ်ပြီး တာဝန်ရှိသူတွေကိုလည်း အရေးယူဒဏ်ခတ်မှုတွေ ဆောင်ရွက်သွားမှာပါ။” ဟု အာရှရေးရာ ယူကေဝန်ကြီး Amanda Milling က ပြောကြားလိုက်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် UK သံရုံးက ထုတ်ပြန်ထားသည်။



Comments

Popular posts from this blog

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

Click To Donate

မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ