နိုင်ငံ​ရေးအကျဥ်းသားများလွတ်​မြောက်​ရေး နယူးယောက် ကုလ သမဂ္ဂရုံးရှေ့တွင် ဆုတောင်းဆန္ဒပြ


 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဦးဝင်းမြင့် အပါအဝင် နိုင်ငံ​ရေးအကျဥ်းသားများလွတ်​မြောက်​ရေး နယူးယောက် ကုလ သမဂ္ဂရုံးရှေ့တွင် ဆုတောင်းဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသဂ္ဂရုံးချုပ်အရှေ့တွင် အဆိုပါပွဲ ကျင်းပြ ပြုလုပ်ပြီး မြန်မာပြည် အတွက် Support the Democracy Movement in Burma အဖွဲ့က ဦးစီးပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှ စ၍ မတရားအဖမ်းဆီးခံ ထားရသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦး၀င်းမြင့်နှင့် အခြား မတရားအဖမ်းဆီးခံထားရသူများ၏ ဓါတ်ပုံ ဆိုင်းဘုတ် ပိုစတာ များ ကိုင်ဆောင်ကာ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဆန္ဒပြ ဆုတောင်းကြသည်။

ဒီဇင်ဘာလ ၁၀ ရက် သောကြာနေ့ သည် ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် တိဘတ်အဖွဲ့အစည်းများနှင့် (milk tea alliance) နို့လက်ဖက်ရည်မဟာမိတ်နိုင်ငံများ ဖြစ်သည့် မြန်မာ၊ ဟောင်ကောင်၊ ထိုင်ဝမ် ကမ္ဘောဒီးယား နိုင်ငံ အဖွဲ့အစည်းများ ပူးပေါင်းပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ကို မီးထွန်းညှိပြီး ဆန္ဒပြ‌ ဆုတောင်းကြခြင်းဖြစ်သည်။


















Comments

Popular posts from this blog

Click To Donate

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ