တနင်္သာရီတိုင်း ကရသူရိမြို့ အထက်တန်းကျောင်းသားများတွင် COVID-19 ရောဂါတွေ့


 တနင်္သာရီတိုင်း ကရသူရိမြို့ အထက်တန်းကျောင်းသားများတွင် COVID-19 ရောဂါတွေ့
---------------------
ကိုရွှေမြိတ်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ အထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူ ၁၀ ဦးနှင့် ဆက်စပ်မိဘ ငါးဦး စုစုပေါင်း ၁၅ ဦးတွင် COVID-19 ရောဂါ စစ်ဆေး တွေ့ရှိရကြောင်း ကရသူရိမြို့ တိုက်နယ် တာဝန်ခံ ဆရာဝန်ထံက သိရသည်။ 

ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် အဆိုပါကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို COVID-19 ရောဂါ ရှိ၊ မရှိ စစ်ဆေးရာမှ တွေ့ရှိခြင်း ဖြစ်သည်။

ဆရာ ၊ ဆရာမ အယောက် ၂၀ နှင့် ကျောင်းသား၊ ကျောင်းသူ ၃၂၈ ဦးတို့ကို Test Kits ဖြင့် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ မြို့နယ်ရှိ COVID-19 ရောဂါ စစ်ဆေးတွေ့ရှိသူများသည် ကရသူရိမြို့ တိုက်နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူကြရပြီး ယနေ့အထိ ပိုးတွေ့ လူနာ ၁၇ ဦး ရှိပြီ ဖြစ်သည်။

Comments

Popular posts from this blog

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

Click To Donate

မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ