တနင်္သာရီတိုင်း ကရသူရိမြို့ အထက်တန်းကျောင်းသားများတွင် COVID-19 ရောဂါတွေ့


 တနင်္သာရီတိုင်း ကရသူရိမြို့ အထက်တန်းကျောင်းသားများတွင် COVID-19 ရောဂါတွေ့
---------------------
ကိုရွှေမြိတ်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ အထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူ ၁၀ ဦးနှင့် ဆက်စပ်မိဘ ငါးဦး စုစုပေါင်း ၁၅ ဦးတွင် COVID-19 ရောဂါ စစ်ဆေး တွေ့ရှိရကြောင်း ကရသူရိမြို့ တိုက်နယ် တာဝန်ခံ ဆရာဝန်ထံက သိရသည်။ 

ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် အဆိုပါကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို COVID-19 ရောဂါ ရှိ၊ မရှိ စစ်ဆေးရာမှ တွေ့ရှိခြင်း ဖြစ်သည်။

ဆရာ ၊ ဆရာမ အယောက် ၂၀ နှင့် ကျောင်းသား၊ ကျောင်းသူ ၃၂၈ ဦးတို့ကို Test Kits ဖြင့် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ မြို့နယ်ရှိ COVID-19 ရောဂါ စစ်ဆေးတွေ့ရှိသူများသည် ကရသူရိမြို့ တိုက်နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူကြရပြီး ယနေ့အထိ ပိုးတွေ့ လူနာ ၁၇ ဦး ရှိပြီ ဖြစ်သည်။

Comments

Popular posts from this blog

Click To Donate

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ