မုံရွာမြို့သစ် NLDတိုင်းရုံးကို စစ်တပ်က ဗုံးခွဲပြီး သေနတ်ဖြင့် ပစ်ဟု NLDရုံးတာဝန်ရှိသူ ပြော


 မုံရွာမြို့သစ် NLDတိုင်းရုံးကို စစ်တပ်က ဗုံးခွဲပြီး သေနတ်ဖြင့် ပစ်ဟု NLDရုံးတာဝန်ရှိသူ ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ 

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊မြို့သစ်ရပ်ကွက် ထင်ရှုးလမ်းနှင့် အောင်မြေလမ်းကြားတွင်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDတိုင်းရုံးကို ယနေ့ ည၈နာရီဝန်းကျင်ခန့်အချိန် စစ်တပ်က ဗုံးခွဲပြီး သေနတ်များပစ်၍ ဖျက်ဆီးကြောင်း NLD ရုံးတာဝန်ရှိသူက RNA သို့ ပြောဆိုသည်။ 

စစ်တပ်သည် စစ်ကားအကြီးနှစ်စီးဖြင့် NLDရုံးရှေ့ကိုရောက်ရှိလာပြီး ဗုံးမခွဲခင် ရုံးမှန်များကို သေနတ်ဖြင့်တရစပ်ပစ်ခတ်ကာ ဖောက်ခွဲမှုလုပ်ဆောင်ကြောင်း သိရှိရသည်။

"ဒီည၈နာရီဝန်းကျင်ကပေါ့နော်၊ရုံးကိုလာပြီး ကားကြီး၂စီးဖြင့် ရုံးရဲ့မှန်တွေကို သေနတ်ဖြင့်တရစပ်ပစ်တယ်၊နောက်ပြီး ခြံကျော်ပြီးဝင်တယ်၊ပြီးတော့ ဗုံးကိုနှစ်ကြိမ်ဖောက်ခွဲပြီး ဖျက်ဆီးတယ်၊အခုချိန်ထိ အဲ့နားမှာရှိတယ်လိူ့ လတ်တလောသိရှိရတယ်"ဟု NLDရုံးတာဝန်ရှိသူတစ်ဦးက ဆိုသည်။

မုံရွာမြို့သစ်ရပ်ကွက်ရှိ  NLD တိုင်းရုံးသည် ၂၀၁၉ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ဖောက်ခွဲဖျက်ဆီးခံရတာဖြစ်ကြောင်း၊ စစ်တပ်က ဝင်ရောက်ရှာဖွေပြုလုပ်မှု ၃ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 

(RNA သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်သတင်းဌာနဖြစ်သည်)



Comments

Popular posts from this blog

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

Click To Donate

မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ