ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းရှိ ကိုဗစ်လူနာ ၃၈၀ ကျော် ဆေးရုံဆင်းခွင့်ရ


 ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းရှိ ကိုဗစ်လူနာ ၃၈၀ ကျော် ဆေးရုံဆင်းခွင့်ရ 
-------------
ကချင်ပြည်နယ်၊ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းရှိ မိုင်းဆက်ပါ ကိုဗစ်စင်တာတွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်လူနာ ၃၈၀ ကျော် ရောဂါပျောက်ကင်း သက်သာသဖြင့် ဆေးရုံဆင်းခွင့်ရပြီဖြစ်ကြောင်း စင်တာကော်မတီထံက သိရသည်။

အဆိုပါ မိုင်းဆက်ပါ ကိုဗစ်စင်တာ အဟောင်းမှ လူနာ ၂၄၀၊ စင်တာအသစ်မှ လူနာ ၁၄၃ ဦး စုစုပေါင်း လူနာ ၃၈၃ ဦး ရောဂါသက်သာ ပျောက်ကင်းသွားသည့်အတွက် စင်တာမှ ဆင်းခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

လက်ရှိ ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ကေအိုင်အို လိုင်ဇာဌာနချုပ်အတွင်းသို့ ဝင်ထွက်သွားလာခွင့်များ ကန့်သတ်ထားဆဲဖြစ်ပြီး မုန်လိုင်ခက် ကိုဗစ်စင်တာတွင် လူနာ ၃၆ ဦး၊ အလန်ဘွမ် ကိုဗစ်စင်တာတွင် လူနာ ၁၀၂ ဦး ကုသမှုခံယူနေဆဲဖြစ်ကြောင်း ကေအိုင်အို သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။




Comments

Popular posts from this blog

Click To Donate

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ