သင်္ဃန်းကျွန်းက နာမည်ကြီး ဒလန်တစ်ဦး ပစ်သတ်ခံရ


 သင်္ဃန်းကျွန်းက နာမည်ကြီး ဒလန်တစ်ဦး  ပစ်သတ်ခံရ 



သင်္ဃန်းကျွန်းမြို့နယ် အမက(၉)ကျောင်း‌ရှေ့မှာ ဒီနေ့ ညနေ ၅နာရီလောက်က  ဒလန်အောင်အောင်လို့ နာမယ်ကြီး နေတဲ့ သူတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့  သူနဲ့ တစ်ရပ်ကွက်တည်းနေတဲ့  ဆ/က ရပ်ကွက်သား တစ်ဦးက  Burma VJကို အတည်ပြုပါတယ်။

“ အမက(၉)ကျောင်းရှေ့မှာ ပစ်သတ်ခံလိုက်ရတာ။  စစ်တပ်အားကိုးနဲ့ ရပ်ကွက်ကိုအတော်လေး ဒုက္ခပေးခဲ့တဲ့သူ။ သူက ဆယ်အိမ်မှူးလုပ်ခဲ့တော့ ရဲနဲ့စစ်တပ်အားကိုးပြီး ရပ်ကွက်ထဲမှာ ပတ်သောင်းကျန်း ပြီးရင်တွေ့သမျှ လူအသလွတ်ခေါ်ရိုက်တာမျိုးလုပ်ခဲ့တာ။ တစ်ရက်ဆို ကိုယ်တွေအိမ်ထောင့်မှာ ကလေးတွေကို လမ်းမပေါ်မှာမှောက်အိပ်ခိုင်းထားပြီးတော့ တအုန်းအုန်း နဲ့ရိုက်တာ။ သူတို့အိမ်ရှေ့ကကောင်မလေးက ဖုန်းသုံးနေတာကိုလည်း  သူ့ကိုဓတ်ပုံရိုက်တယ်ဆိုပီး သူ့အိမ်ကလူတွေထွက် သောင်းကျန်းလို့ ကောင်မလေးက ကြောက်ကြောက်နဲ့ ရဲစခန်းကိုပြေးရတယ်။ ပြီးရင် ထစ်ကနဲရှိစစ်တပ်ကိုလှမ်းလှမ်းခေါ်တာ။ ”

ဒလန်ဟုတ်မဟုတ် အငြင်းပွားရှိမှုတွေရှိနေတဲ့အတွက်  အောင်အောင် ဒလန် ဟုတ်မဟုတ်  ဘယ်လိုအထောက်အထားတွေရှိလည်းလို့ ထပ်မေးကြည့်တော့ အခုလို ပြောပါတယ်။




“ သိပ်သေချာတာပေါ့။ သူ့ကြောင့်ရပ်ကွက်ထဲမှာ အဖမ်းခံရတဲ့သူ တွေအများကြီး။ လာဖမ်းရင်လည်း အမြဲတမ်း‌လိုလို  သူက ရှေ့ဆုံးကပါတယ်။ သူတို့လာဖမ်းတာကိုထွက်ကြည့်ရင်လည်း  သူကလက်ညှိးထိုးပြလို့  အိမ်ပေါ်ကနေ ခေါ်ချပြီး စစ်သားတွေက အဲ့အိမ်ရှေ့တင် တအုန်းအုန်း စစ်ဖိနပ်နဲ့နင်းရိုက်တာနှက်တာမျိုးတွေလုပ်ခဲ့တာ”လို့  အတည်ပြုပါတယ်။ 

ပြီးတော့ ဒလန်အောင်အောင်လို့ နာမယ်ကြီးနေတဲ့သူ ဟာဆယ်အိမ်မှူးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့မိန်းမကလည်း အမက(၉)ရှေ့ကစျေးတန်းလေးမှာ  ကြက် သား ရောင်းတယ်လို့လည်းသိရပါတယ်။ 

ပုံစာ- စစ်ကောင်စီကပေးထားတယ်ဆိုတဲ့ အောင်အောင် စီးလာတဲ့ကား 

News Source; Burma VJ

Comments

Popular posts from this blog

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

Click To Donate

မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ