ရန်ကုန်မြို့နေရာအချို့တွင် တပ်ထောက်ခံသည့် အဖွဲ့ လှည့်လည်


 ရန်ကုန်မြို့နေရာအချို့တွင် တပ်ထောက်ခံသည့် အဖွဲ့ လှည့်လည်
=========================
ဆာရှိမိ

အသံတိတ်သပိတ် (Silent Strike)ပြုလုပ်သည့် ယနေ့ ဒီဇင်ဘာလ ၁၀ရက်တွင် ရန်ကုန်မြို့  နေရာအချို့၌ လူတစ်စုက တပ်ထောက်ခံပွဲ ပြုလုပ်လှည့်လည်နေကြောင်း မြို့ခံများထံက သိရသည်။
ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့၊ ကမာရွတ် ပြည်လမ်း၊ အင်းယားလမ်း၊ လှည်းတန်းစင်တာ မီးပွိုင့်နားနှင့် မာလာဆောင်ဘက်တို့တွင် စစ်တပ်ထောက်ခံကြောင်းနှင့် No CRPH၊ No PDF ဆိုသည့် ဆိုင်းဘုတ်ကိုင်ဆောင်ထားသည့် ထိုလူစုက ယနေ့ နေ့လယ်ပိုင်းတွင် လှည့်လည်နေခြင်းဖြစ်သည်။



"ဆူးလေနားမှာဆိုရင် ပန်းခြံဘေးမှာ စစ်ခွေးကားတွေ ရပ်ထားတယ်။ ၅‚၀၀၀ စားတွေပဲနေမယ် ။ သူတို့ရှေ့ကဖြတ်သွားတာ အယောက် ၄၀ ၊၅၀ လောက်ရှိမယ်။ အလံတွေ၊ဆိုင်းဘုတ်တွေနဲ့ စစ်တပ်ကိုထောက်ခံတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီးလှည့်နေတာ၊ ဒါမျိုးကျ‌တော့ အဖမ်းအဆီးမရှိဘူးလေ။  သူတို့လူတွေဆိုတော့ လူပုံစံတွေကလည်း ဘယ်ချောင်နားဆွဲလာတဲ့ လူတွေလည်းမသိဘူး"ဟု မြို့ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။





ရန်ကုန်မြို့ အပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီးတို့က ပုံမှန်လူစည်ကားသည့် လမ်းမတန်းများတွင် လူသူကင်းမဲ့စေ၍ ဈေးဆိုင်ခန်းများ ပိတ်ထားခြင်းဖြင့် အသံတိတ်သပိတ်( Silent Strike) ကို ပြည်သူလူထုက ပါဝင်ပူးပေါင်းခဲ့ကြသည်။

Comments

Popular posts from this blog

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ