ဆွစ်ဇာလန်ပိုင် Harry Winston က မြန်မာ့ကျောက်မျက်ဝယ်ယူမှု ရပ်တန့်ပြီ



ဆွစ်ဇာလန်ပိုင် Harry Winston က မြန်မာ့ကျောက်မျက်ဝယ်ယူမှု ရပ်တန့်ပြီ
-------------

ဆွစ်ဇာလန်ပိုင် Harry Winston ဟာ မြန်မာ့ကျောက်မျက်များ ရယူတင်သွင်းနေခြင်းကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း Justice for Myanmar က ထုတ်ပြန်လိုက်သည်။ 

"နောက်ဆုံးမှာတော့ Harry Winston ဟာ မြန်မာ့ကျောက်မျက်များ ရယူ တင်သွင်းနေတာကို ရပ်တန့်လိုက်ပြီး မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ ငွေကြေးထောက်ပံ့ခြင်းဖြင့် ကြံရာပါပတ်သတ်နေတဲ့ အနေအထားတစ်ခုကနေ လွတ်လွတ်ကင်းကင်းနဲ့ ရပ်တည်ပြလိုက်ပါပြီ။ ကျန်ရှိနေသေးတဲ့ မြန်မာ့ကျောက်မျက်ရောင်းချသူများ၊ စီးပွားရေးလုပ်ငန်းများ အနေနဲ့လည်း လူအခွင့်အရေးဆိုင်ရာ တာဝန်တွေနဲ့အညီ လေးစား လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး မြန်မာ့ကျောက်မျက်များ ရောင်းချခြင်းကို ရပ်တန့်ရပါမယ်။"ဟု Justice for Myanmar က ဒီဇင်ဘာ ၁၁ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာပြည်သူများအား စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ရန်ပုံငွေအားဖြည့်ပေးရာ ရောက်စေသည့် မြန်မာ့ကျောက်မျက်ရတနာများ ဝယ်ယူခြင်းကို ရပ်တန်ရန် Harry Winston ကုမ္ပဏီအပါအဝင် ကျောက်မျက်ကုမ္ပဏီများအား The Action Network အဖွဲ့က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ပြည်သူများ၏ ဆန္ဒ လက်မှတ်ပေါင်း ၂၅,၀၀၀ ကျော်ပါဝင်သော လက်မှတ်ရေးထိုးတောင်းဆိုမှုတစ်ရပ် အပါအဝင် International Campaign for the Rohingya နဲ့ NO Business with Genocide တို့က ဦးဆောင် ပြုလုပ်တဲ့ လူထုလုပ်ရှား တောင်းဆိုမှုများအပြီး Harry Winston က ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်တပ်သည် ကရင်၊ ရှမ်းနှင့် ကချင်တို့အပါအဝင် နိုင်ငံတွင်းက တိုင်းရင်းသားလူနည်းစုများအပေါ် ဆယ်စုနှစ်များစွာ၌ စစ်ရာဇဝတ်မှုများ ကျူးလွန်နေခဲ့သည်ဟု The Action Network အဖွဲ့က ဆိုသည်။

စစ်တပ်သည့် ကျေးရွာများအား မီးရှို့ခြင်း၊ အမျိုးသမီးနှင့် မိန်းကလေးများကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်းနှင့် တွန်းလှန်သူများကို သတ်ဖြတ်ခြင်းများက နည်းစနစ်ကျကျ လုပ်ဆောင်လျက် ရှိနေကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့်လည်း လက်ရှိတွင် နိုင်ငံတကာ တရားစီရင်ရေးခုံရုံး ICJ ၌ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် အမှုစွဲဆိုခံထားရသည်။ 

ကမ္ဘာ့ ပတ္တမြားနှင့် ကျောက်စိမ်း၏ ၉၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ ထွက်ရှိကာ ထိုကျောက်မျက်ရတနာများမှာလည်း ကမ္ဘာ့ဈေးကွက်တွင် ဈေးအမြင့်ဆုံးရသည်။ မြန်မာနိုင်ငံရှိ ကျောက်မျက်ရတနာလုပ်ငန်းကို စစ်တပ်က ကြီးစိုးထားသည်။  



ဆွစ်ဇာလန်ပိုင် Harry Winston ကဲ့သို့ ကျောက်မျက်ကုမ္ပဏီများက မြန်မာ့ကျောက်မျက်ရတနာများ ဝယ်ယူခြင်းအားဖြင့် စစ်တပ်အတွက် အကျိုးစီးပွားများ ဖော်ဆောင်ပေးရာ ရောက်နေသည့်အတွက် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။


Comments

Popular posts from this blog

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ