အင်းတော်မြို့အနီးတွင် စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် PDF တိုက်ပွဲဖြစ်၊ အရပ်သား ၁ ဦးသေဆုံး
အင်းတော်မြို့အနီးတွင် စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် PDF တိုက်ပွဲဖြစ်၊ အရပ်သား ၁ ဦးသေဆုံး
---------------
OAK
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီးရှိ လယ်ပြင်-သီဘာထိပ်၊ ဗျူဟာလမ်းပေါ်တွင် ကောလင်း PDF၊ အင်းတော် PDF တို့နှင့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့တို့ ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီခွဲက ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း အင်းတော် PDF က ပြောသည်။
အင်းတော်မှ ကောလင်းဘက်သို့လာသည့် ကောလင်း PDF အဖွဲ့အား အင်းတော် PDF က လိုက်လံ ပို့ဆောင်စဉ် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက ဗျူဟာလမ်းပေါ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"မထင်မှတ်ပဲ တိုက်ပွဲဖြစ်သွားတာ၊ တိုက်ပွဲကြားရောက်လာတဲ့ ကုန်ကားဆရာ သားအဖ နှစ်ယောက်ထိတယ်၊ သားက ဆုံးသွားတယ်၊ ကျွန်တော်တို့ဘက်က ပစ်တာမဟုတ်ဘူး ရဲတွေဘက်ကပစ်တာ။ ကျနော်တို့က ပြည်သူကိုထိမယ့်အလုပ်ဆို ရှောင်တယ်" ဟု အင်းတော် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းတိုက်ပွဲတွင် မိနစ်၂၀ ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲအတွင်း ရောက်ရှိလာသည့် ကုန်ကား ယာဉ်မောင်း၏ သားဖြစ်သူ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း PDF ဘက်မှ တစ်ဦး လက်မောင်းထိမှန်ခဲ့ကာ စစ်ကောင်စီ ရဲတစ်ဦး ခြေထောက် ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။
Comments
Post a Comment