တနင်္သာရီတိုင်း၊ သရက်ချောင်းနှင့် စစ်ကိုင်းတိုင်း၊ ဝက်လက်တွင် ကျေးရွာများကို စစ်တပ်က မီးရှို့


 တနင်္သာရီတိုင်း၊ သရက်ချောင်းနှင့် စစ်ကိုင်းတိုင်း၊ ဝက်လက်တွင် ကျေးရွာများကို စစ်တပ်က မီးရှို့ 

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ 

တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ပေါင်းပြီးနေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒီနေ့မွန်းလွဲ နှစ်နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်တွေ Vigo ကား လေးစီး နဲ့ အင်အား ၄၀ ဝန်းကျင် ရွာကို ရောက်လာပြီး နေအိမ်တွေကို ရိုက်ဖျက်ပြီးမီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ 




နေအိမ် သုံးဆောင်မီးရှို့ခံထားရပြီး လက်ရှိအချိန်ထိမီးလောင်နေဆဲပဲလို့ ဒေသခံတွေကပြောပါတယ်။ 
"ရွာသူရွာသားတွေ ကြောက်လန့်ပြီး အကုန်ထွက်ပြေးနေရတယ်" လို့ အနီးအနားကျေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။ 

နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့အချိန်မှာ သေနတ်ပစ်ဖောက်သံတွေလည်းကြားရတယ်လို့ ဆိုပါတယ်။ 

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာရှိ  ကျောက်ကုန်းရွာရှိ NLD ထောက်ခံသူ ဦးသောင်းနိုင်၊ ဦးကျော်လင်းနှင့် ဦးမြင့်သိန်းတို့၏ နေအိမ်များကို ဒီနေ့  မီးရှို့သွားတယ်လို့ ဒေသ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

"ရွာထဲကို ခွေးတွေ ဝင်လာကတည်းက တစ်ရွာလုံးထွက်ပြေးရတယ်။ ခဏနေတော့ ရွာထဲက မီးခိုးလုံးတွေတက်လာတာကို ရွာအပြင်ကနေပဲ မြင်လိုက်ရတာ။ မီးရှို့ပြီး တော်တော်ကြာတဲ့ထိ ဒီကောင်တွေ ရှိသေးလို့ ဘယ်သူမှလည်း ရွာထဲပြန်ဝင်ပြီး မငြှိမ်းနိုင်လိုက်ဘူး။"လို့ ရွာခံတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသသတင်းရင်းမြစ် အရာတော်သတင်းမှန်ပြန်ကြားရေးက သတင်းဖော်ပြပါတယ်။ 

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦး။ Photo Credit - Reuters

Comments

Popular posts from this blog

Click To Donate

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ