NUG ငွေတိုက်စာချုပ်များကို နိုင်ငံအသီးသီးတွင် ကိုယ်စားလှယ်ထားပြီး ရောင်းချမည်


 NUG ငွေတိုက်စာချုပ်များကို နိုင်ငံအသီးသီးတွင် ကိုယ်စားလှယ်ထားပြီး ရောင်းချမည် 
==============


အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တော်လှန်ရေး ရန်ပုံငွေအတွက် ရောင်းချနေသော  ငွေတိုက်စာချုပ်များကို နိုင်ငံအသီးသီးတွင် အရောင်းကိုယ်စားလှယ်ထားပြီး မကြာမီ စတင်ရောင်းချပေးသွားမည်ဟု NUG ၏ ပြည်တွင်းအခွန်များ ဦးစီးဌာနက ယနေ့ ဒီဇင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်သည်။ 

ထို့ကြောင့် နောက်ပိုင်းတွင် ငွေတိုက်စာချုပ်များကို NUG အစိုးရထံမှ တိုက်ရိုက်ဝယ်ယူစရာမလိုဘဲ မိမိရောက်ရှိနေသည့် နိုင်ငံအတွင်းရှိ NUG အစိုးရ ငွေတိုက်စာချုပ် အရောင်းကိုယ်စားလှယ်ထံကတစ်ဆင့် ချိတ်ဆက်ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ 

“နိုင်ငံအသီးသီးမှာ ကိုယ်စားလှယ်ထားရှိမည်ဖြစ်ပြီး လွယ်ကူလျှင်မြန်စွာ ဝယ်ယူရရှိနိုင်မည်” ဟု NUG အစိုးရ၏ ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြေညာထားသည်။ 

ယင်းအပြင် NUG အစိုးရ၏ ငွေတိုက်စာချုပ်များကို မြန်မာပြည်တွင်း၌လည်း မကြာမီ ဝယ်ယူရရှိနိုင်တော့မည်ဖြစ်ပြီး ကေအိုင်အို (KIO) ၏ ငွေကြေးပို့ဆောင်သောစနစ်၊ အုပ်ချုပ်ရေးနှင့် ဘဏ်စနစ်များအတိုင်း Kachin Political Interim Coordination Team (KPICT)နှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ငွေတိုက်စာချုပ် ဝယ်ယူနိုင်မည့်နည်းလမ်းများနှင့် ရောင်းချသွားမည့် အစီအစဉ် အသေးစိတ်၊ စတင်ရောင်းချသွားမည့် နေ့ရက်အား ပြန်လည်ထုတ်ပြန်ပေးသွားမည်ဟု NUG ပြည်တွင်းအခွန်များ ဦးစီးဌာနက ဆိုသည်။ 

NUG ၏ အထူးငွေတိုက်စာချုပ် ကန်ဒေါ်လာ သန်း ၁,၀၀၀ ဖိုးအနက် R စီးရီး ပထမအသုတ်အနေဖြင့် ကန်ဒေါ်လာ သန်း ၂၀၀ ဖိုးကို နိုဝင်ဘာလ ၂၂ ရက်နေ့က စတင်ရောင်းချပေးခဲ့ပြီး ယင်းနေ့တွင်ပင် နာရီပိုင်းအတွင်း အမေရိကန်ဒေါ်လာ ကိုးသန်းဖိုးခန့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ 

နှစ်နှစ်သက်တမ်းရှိသော အထူး ငွေတိုက်စာချုပ်များကို ကန်ဒေါ်လာ စုစုပေါင်း သန်း ၁,၀၀၀ ဖိုး ရောင်းချရန် စီစဉ်ထားပြီး ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀၊ ၅,၀၀၀ တန် စသည့် စာချုပ်ပုံစံ လေးမျိုးဖြင့် ရောင်းချပေးနေခြင်း ဖြစ်သည်။
=============



Comments

Popular posts from this blog

Click To Donate

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ