ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်း၌ ဆယ်ရက်အ‌တွင်း ကိုဗစ်ပိုးတွေ့သည့် စက်လှေသမား ၁၈ ဦးထိရှိလာ


 
◾ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်း၌ ဆယ်ရက်အ‌တွင်း ကိုဗစ်ပိုးတွေ့သည့် စက်လှေသမား ၁၈ ဦးထိရှိလာ 

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသည့် စက်လှေသမား နှစ်ဦး၌ ယမန်နေ့(ဒီဇင်ဘာ ၁၀ ရက်)က ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ကြောင်း Rakhine Covid -19 Watch အဖွဲ့ထံမှ သိရသည်။


ကိုဗစ်ပိုးတွေ့ရှိသူများသည် ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးသား ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကွာရန်တင်းဝင်နေသူများဖြစ်ပြီး ပိုးတွေ့ရှိသူများအား စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်က ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် လှေသမား ၇ ဦးနှင့် နိုဝင်ဘာ ၃ဝ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် လှေသမား ၉ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။

ထို့ကြောင့် ဒီဇင်ဘာ ၁၁ ရက်အတွင်း စက်လှေသမား ၁၈ ဦးအထိ ကိုဗစ်ပိုးတွေ့ရှိထားပြီဖြစ်ကြောင်း Rakhine Covid -19 Watch အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဘင်္ဂလားဒေ့ရှ်သို့ကုန်သွယ်နေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကို ကိုဗစ်ဖြစ်ပွားမှုများလာ၍ ပြီးခဲ့သည့်နှစ်၊ သြဂုတ်လမှစတင်ကာ ၈ လခန့်ပိတ်ထားခဲ့ပြီး ယခုနှစ်၊ ဧပြီ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ 

ထို့နောက် ကိုဗစ်တတိယလှိုင်းအတွင်း ဇူလိုင် ၁၅ ရက်တွင် ထပ်မံပိတ်ထားခဲ့ရပြီး အောက်တိုဘာ ၁၆ ရက်က နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်း၌ နိုဝင်ဘာ ၃ဝ ရက်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် စက်လှေသမားများတွင် ကိုဗစ်ပိုးတွေ့ရှိလာခြင်းဖြစ်သည်။


Comments

Popular posts from this blog

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ