ကနီတွင် စစ်ကောင်စီ တပ်ဖွဲ့များ မိုင်းခွဲ တိုက်ခိုက်ခံရကာ ၁၀ ဦးထက် မနည်း သေဆုံး



ကနီတွင် စစ်ကောင်စီ တပ်ဖွဲ့များ မိုင်းခွဲ တိုက်ခိုက်ခံရကာ ၁၀ ဦးထက် မနည်း သေဆုံး
 
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ 

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချမ်းသာစုရွာနှင့် တအုံရွာများကို ဝင်ရောက်မွှေ နှောက်ရန် ခြေလျင်တက်လာသော အင်အား ၄၀ ပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂နာရီ ၃၀ မိနစ်တွင် KLG PDF (Kani)တပ်ဖွဲ့က မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးကြောင်း KLG PDF တပ်ဖွဲ့ထံမှ သိရသည်။ 




အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသညိ ကျောက်စိမ်းများ သယ် ဆောင်လာသည့် စကစရေယာဉ်အုပ်စုတွင် လိုက်ပါလာသူများဖြစ်ပြီး ချမ်းသာစုရွာနှင့် တအုံရွာကြားတွင် ရေယာဉ် ဆိုက်ကပ်စဉ် ကုန်းပေါ်သို့ ခြေလျင် တက်လာသူများ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ကရင်ပြည်နယ်အတွင်းရှိ PDF တပ်ဖွဲ့တချို့။ 

Photo - K'hsaw Wah
 

Comments

Popular posts from this blog

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

Click To Donate

မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ